🧝♂️မဖိတ်ခေါ်ပဲရောက်လာသောဧည့်သည်🧝♂️
တရွေ့ရွေ့မြင်ကွင်းမှနေ ဝေဝါးပျောက်ကွယ်သွားသော ရှန်ဂရီလာရေခဲတောင်နှင့်အတူ သူတို့အားလုံးတိဗက်ပြည်နယ်ကနေထွက်ခွာလာခဲ့ကြ၏…ကားဖြတ်သန်းရာလမ်းတစ်လျောက် အရောင်သွေးစုံလင်လှသော ရိုးရာသင်တိုင်းဝတ်စုံများနှင့် မိန်းမပျိုလေးများ….အိမ်ခေါင်မိုးစွန်းချွန်ချွန်များ…တောင်ကုန်းပြေပြေများ…ရောင်စုံအလံလေးများချိတ်ဆွဲထားသည့် ဘုရားပုထိုးများ စသည်တို့ဟာ ရှိန်းတို့နောက်မှာ ဝေးသထက်ဝေးကာ မှေးမှိန်ပျောက်ကွယ်သွားခဲ့၏….ထိုမှတစ်ဆင့် သူတို့ရှန်ဟိုင်းလေဆိပ်သို့ဆက်သွားရန် ခရီးအတော်ကြာနှင်ခဲ့ရပြန်သည်…သူတို့အားလုံးရှန်ဟိုင်းလေဆိပ်သို့ရောက်ရန်နောက်တစ်နေ့ နေ့တစ်ဝက်မျှ မနားမနေခရီးဆက်ပြီးမှရောက်လာခဲ့ကြတော့၏….သူတို့အားလုံး နယူးယောက်ကိုပြန်ရန်အတွက် လေယာဉ်လက်မှတ်ဖြတ်ပြီးသွားသော်လဲ လေယာဉ်ထွက်ခွာချိန်က ညပိုင်းအချိန်ဖြစ်နေသည်….ထို့ကြောင့် လေဆိပ်နှင့်အနီးစပ်ဆုံးဟော်တယ်တစ်ခုမှာ ခေတ္တနားရင်း နားသူကနား မိန်းကလေးအချို့ကလက်ဆောင်ဝယ်သွားသူသွားနှင့် လူစုပြန်ကွဲသွားပြန်၏…ရှိန်းကတော့ နားနေချင်သဖြင့်ဘယ်မှမသွားတော့ပဲ အိပ်ခန်းထဲတွင်သာတရေးတမောအိပ်စက်ဖို့ပြင်နေသည်…သူ့အနားမှ lizကလဲဖုန်းတစ်လုံးနှင့်အလုပ်ရှုပ်နေရှာလျက်…ခေါင်းအုံးပေါ်ပက်လက်လှန်ချရင်း ခဏတာမျက်ဝန်းတွေအနားပေးဖို့ပြင်လိုက်စဉ်…ဘောင်းဘီအတွင်းမှ တီးလုံးသံကမြည်လာ၏….။“ကျွတ်..ဘယ်သူလဲကွာ…အိပ်ပါတော့မယ်ဆိုမှ”
ဖုန်းစကရင်ပေါ်မှနာမည်ကိုကြည့်ပြီးနောက် ငေါက်ခနဲအိပ်ရာပေါ်ထထိုင်လိုက်မိ၏…။
“ဟဲလို..မား…ဘာကိစ္စရှိလို့လဲ”
“ရှိန်း..ရှိန်းလား…သားအမေရုတ်တရက်ကြီး လှေကားပေါ်ကနေပစ်ကျပြီး ဆေးရုံရောက်နေလို့…သားလာခဲ့လို့ရရင်လာခဲ့ပေးပါလား”
“စိုးရိမ်ရလို့လား”
“သတိလစ်သွားတာနှစ်နာရီလောက်ရှိပြီ…သားပြန်တော့မယ်လို့စာပို့ထားတာမြင်ပြီး မျက်နှာမကောင်းဖြစ်နေတာ….အဲ့တာနားမယ်ဆိုပြီးအပေါ်ထပ်တက်သွားတာ ဘယ်လိုလုပ်ပြီးဖြစ်တယ်မသိပါဘူးသားရယ်…လာလို့ရရင်ခဏဖြစ်ဖြစ်လာပေးပါလား”

ČTEŠ
နှောင်ဖွဲ့လေသောသစ္စာ(OR)ကျိန်စာ (Complete)
FanfikcePart(1) to (10) ကအောက်မှာရှိပါတယ်နော် ရှေးခေတ်နဲ့ယခုခေတ်ရောရေးထားတဲ့ fic ကလေးပါ Zhanyi ပုံစံလေးပါရှင် 💞မင်းကို ကိုယ့်အနားမှာရှိဖို့အတွက်ကြိုးပေါင်းများစွာထဲကမှ အခိုင်ခံ့ဆုံးသော သစ္စာမေတ္တာကြိုးလေးနဲ့ကိုယ်ချည်နှောင်မယ်ရိပေါ် ဘယ်ဘဝမှာပဲရှိနေနေ ကို...