mine

5.5K 187 5
                                    

Unicode version

      ကျွန်တော့်crushအကြောင်းကိုပြောပြရမယ်ဆိုရင် အရင်ဆုံး ကျွန်တော့် အကြောင်းကို ပြောပြရမှာပေါ့။ကျွန်တော့်နာမည်က ထူးသက်ကျော်။ကျွန်တော်က ငယ်ငယ်ထဲက စာတော်တဲ့ကျောင်းသားပေါ့။
ကျွန်တော့်မှာ အစ်မတစ်ယောက်ရှိတယ်။ညီလေး အမြွှာလည်းရှိတယ်။လူအများရဲ့ အမြင်မှာ ကျွန်တော်က မောင်နှမတွေကြားမှာ ချစ်စရာကလေးတစ်ယောက်ပေါ့။ဒါပေမဲ့ ကျွန်တော်က မလိမ္မာပါဘူးဗျာ။ကျွန်တော် အထက်တန်းရောက်သွားတဲ့အခါမှ ကျွန်တော်ကောင်လေးတစ်ယောက်ကို ချစ်မိသွားတယ်။ အစကဆိုတော့ ကျွန်တော်လည်း ရှက်တာပေါ့ဗျာ။ အဲလိုဖြစ်နေတဲ့ ကျွန်တော့်ကိုယ် ကျွန်တော်လည်း သဘောမကျဘူးပေါ့ဗျာ။ ကျွန်တော်ချစ်တဲ့ ကောင်လေးနာမည်က ကောင်းလင်းဆက်ပိုင် တဲ့ဗျ။
ကျွန်တော်ကလည်းယောကျ်ားဆိုပေမဲ့ လက်ကိုက ကလေးလက်နဲ့ မျက်နှာကလည်း ကလေးမျက်ခွက်ဗျ။ မျက်မှန်က ပါဝါ၁၀၀၀ မယုံမရှိနဲ့။ မျက်မှန်ချွတ်ရင် မှန်ထဲက ကိုယ့်မျက်ခွက်ကို ကိုယ်မမြင်ရဘူး။ အသက်ကဖြင့် မနေ့တနေ့ဆိုရင် သင်္ချိုင်းရောက်တော့မယ်။ ရုပ်က အလယ်တန်းကျောင်းသားလားလို့ အမေးခံရခဲ့ တဲ့ကောင်။ ပြီးတော့ ကျွန်တော့်အရပ်က ကျိန်စာများမိထားသလား အောက်မေ့ရတယ်။ အိမ်က ကျွန်တော့်အစ်မတောင် ကျွန်တော့်ထက် အရပ်ရှည်တယ်။ ၅ပေ၂ကနေမတက်တော့ဘူး။ နောက်ဆို channel 7 ကိုလျှော့ကြည့်မှပဲ။အဲလိုင်းက လာတဲ့ထိုင်းဇာတ်လမ်းတွဲတွေက ကျိန်စာသင့်နေတာများတယ်လေ။ ကဲ ထားပါ။ ကျွန်တော်ပြောတာကို ဆက်ဦးမယ်။ ကျွန်တော် သူ့ကိုကြိုက်တာ မေမေသိသွားတယ်ဗျ။ အဲတာမှပြသနာကစတာ။

      ဘာလို့လည်းဆို ကျွန်တော့်အစ်ကို တစ်ဝမ်းကွဲက လင်ယူထားတယ်လေ။သူ့ယောကျ်ားက လေတပ်ကဗျ။ စစ်ဗိုလ်ကြီးဆိုပါတော့ ။အဲ ယူပြီးတော့ဗျာ စစ်တပ်ဆိုတော့ ယောကျ်ားမယူရဘူးလေ။ မိဘတွေအမျိုးတွေကလည်း ဝိုင်းလှော်တာပေါ့ဗျာ။ ဒါပေမဲ့ အဲလူကြီးက စိတ်ကောင်းသား။ အစ်ကိုကို ဂရုစိုက်သားဗျ။ ဒါပေမဲ့ စည်းကမ်းဖောက်လို့ထင်ပါရဲ့။ အဲအစ်ကိုက စစ်ထွက်ရင်း ကျသွားတယ်ဗျ။ ဒါပေမဲ့ အသက်လျော်ကြေးတွေအကုန်ကိုတော့ အစ်ကိုရသွားတယ်။ အဲလိုကျတော့ အမျိုးတွေက တစ်မျိုးပြောကြပြန်တယ်။ အဓိကပြသနာက အခုမှ စတာ။
ကျွန်တော့်အစ်ကိုမှာ ကိုယ်ဝန်ရှိနေတယ်တဲ့။
ကျွန်တော် စစကြားတုန်းကဆို သွေးတောင်စောင့်တက်သွားချင်သွားတာ။ ယောကျာ်းကြီးက ကိုယ်ဝန်ရတာလားလို့ပေါ့။တကယ်ကြီးဟ။အဲတာနဲ့ အစ်ကို သူ့ယောကျ်ားရဲ့အသက်လျော်ကြေးနဲ့ မြို့မှာ အိမ်တစ်လုံးဝယ်တယ်။ကျန်တာကို သူ့ကလေးရဲ့ ကျောင်းစရိတ်အတွက်အပြီးလုပ်လိုက်တယ်။
သူ့ဘာသာ လင်ယူပြီးယောကျ်ားရတာလေဗျာ။ ကျွန်တော်က ကျွန်တော့်စိတ်နဲ့ကျွန်တော်ကြိုက်တာလေ။ အဲတာကို မေမေက အစ်ကိုကို့ ပြောနေတာဗျာ။ ကျွန်တော်ဖြင့် အစ်ကိုကို့ အားနာလိုက်တာဗျ။ ဒီနေ့က အစ်ကို့ယောကျ်ားရဲ့ စျပနာအခမ်းအနားလေ။

FANCY U                                   Where stories live. Discover now