(1)U

1.2K 41 0
                                    

ကားသော့ကိုလက်ညှိုးဖြင့်လှည့်ရင်း....လှေကားပေါ်မှခုန်ဆွခုန်ဆွဖြင့်ဆင်းလာသော... ရှောင်းကျန့်တစ်ယောက်....အောက်ထပ်ဧည့်ခန်းမှ...စကားသံများကြောင့်...ကိုယ်ရှိန်သပ်လိုက်ပြီး.....နား
စွင့်နေလိုက်သည်။

"ဒီတစ်ပတ်ထဲ......မိသားစုတွေ့ဆုံပွဲလုပ်ပြီး....တစ်လအတွင်း.လက်ထပ်ပွဲလုပ်မယ်......"

ဒါပါးပါးအသံပဲ....ဘယ်သူ့လက်ထပ်ပွဲကိုပြောနေတာပါလိမ့်......

ရှောင်းကျန့်စဥ်းစားရင်း....လှေကားကနေ တစ်ထစ်ချင်းဆင်းလာပြီး...ဧည့်ခန်းဘက်ကို...ခေါင်းစောင်းကြည့်လိုက်တော့.....ပါးပါးရော..မားမားရော...ညီမဖြစ်သူမျမ်မျမ်ရော..ရှိနေကြသည်။

"သမီး...အဲ့ဒီရေခဲတုံးကြီးကို မယူနိုင်ဘူး....ကြိုက်လည်းမကြိုက်ဘူး..."

"ဟဲ့...သမီး..."
ရှောင်မားမားဆီက...ဟန့်တားသံထွက်လာပြီး...တစ်ဆက်တည်းပင်.....ရှောင်းပါးပါးဆီက....
"ပါးပါး..ဟိုးအရင်ကတည်းက...သမီးမကြိုက်တာဆိုဘာမှ မလုပ်ခိုင်းခဲ့ဘူး...ဒီတစ်ခါတော့...သမီးက...ပါးပါးတို့မိဘတွေစီ
စဥ်တာကို..လက်ခံပေးပါသမီး.....ဝမ်မိသားစုနဲ့ရှောင်မိသားစု...ပေါင်းစည်းနိုင်ဖို့ သမီးလက်ထပ်ဖို့လိုတယ်......ပြီးတော့ ဒီဆန္ဒက...
ဝမ် ဘိုးဘိုးရဲ့ ..နောက်ဆုံးဆန္ဒလည်းဟုတ်တယ်....ဒီတော့............သမီးလက်ခံမယ်လို့...ပါးပါးယုံကြည်တယ်....."

"ဟွာယွဲ့.....ငါရုံးသွားတော့မယ်....."
ရှောင်ပါးပါးဧည့်ခန်းကနေ ထွက်သွားတော့ ရှောင်မားမားလည်း...ပါးပါးနောက်ကလိုက်သွားသည်။

ထိုအခါကျမှ.... ရှောင်းကျန့်လည်း..လှေကားပေါ်ကအပြေးဆင်းလာရင်း...ညီမဖြစ်သူမျမ်မျမ်ဘေးနားသို့....ပြေး၍ဝင်ထိုင်လိုက်သည်။

မျမ်မျမ်မျက်နှာကိုကြည့်လိုက်တော့....စူပုပ်ကာ..နှုတ်ခမ်းကိုရှေ့သို့...ထော်ထားလေသည်။.
ရှောင်းကျန့်လည်း...ညီမလုပ်သူကိုကြည့်ရင်း...ရယ်ချင်ပက်ကျိမျက်နှာဖြင့်.....

"ဘယ်လိုဖြစ်လို့....ဘဲနှုတ်ခမ်းဖြစ်နေတာလဲ...ညီမလေးရယ်......ဒီလောက်ကောင်းတဲ့...အိမ်ထောင်ဖက်ကို..ရမဲ့ဟာကို..."

 I really need you(Completed)Where stories live. Discover now