(2)U

621 36 0
                                    


"ဒီတစ်ပတ်ပိတ်ရက်ကျရင်......ရှောင်းမိသားစုနဲ့...တွေ့ဆုံပွဲလုပ်ထားတယ်....အဲ့ပွဲမှာ..မျမ်မျမ်နဲ့မင်းရဲ့...စေ့စပ်ပွဲပါ...တစ်ခါတည်းလုပ်မယ်........"

"ချလွမ်......"

တူလွတ်ကျသံကြောင့်.....ဝမ်ရိပေါ်..ထမင်းစားနေရာက...ဝမ်မားမားကို
ကြည့်လိုက်ကာ...

"မားအဆင်ပြေရဲ့လား.....နေမကောင်းလို့လား....."

ဝမ်မားမားမှာ..ရိပေါ်စကားကိုပြန်မဖြေနိုင်အားပဲ......ထမင်းစားမပျက်သော...ဝမ်ပါးပါးကို..............

"ရိုဟန်....ရှင်ခုနက...ဘယ်သူနဲ့
သားရိပေါ်ကို...လက်ထပ်ပေးမယ်လို့ပြောလိုက်တာလဲ..........."

ဝမ်မားမားစကားကြောင့်......ဝမ်ရိုဟန်.....
တူအစုံကို...ထမင်းစား စားပွဲပေါ်ကို....ဆောင့်ချလိုက်ပြီး.........

"ခုနက...ငါပြောလိုက်တာမကြားလိုက်ဘူးလား....မျမ်မျမ်လေ.....မင်းအချစ်ဆုံးသူငယ်ချင်း...ဟွာယဲ့ရဲ့သမီးလေ....ရှောင်မိသားစုက......"

ဝမ်မားမားကိုကြည့်ကာပြောရင်းပြုံးလိုက်သော...ဝမ်ပါးပါး၏မျက်ဝန်းများထဲက....သိုဝှက်ထားသော....အမုန်းတစ်စွန်းတစ်စကို......ဝမ်မားမားလှမ်းမြင်လိုက်သည်။

"ကျွန်မ...သဘောမတူဘူး......."
"မင်းသဘောထားကိုငါမမေးဘူး...."
ရိပေါ်မားဖြစ်သော....ယွဲ့လီလီ၏စကားကို...ဝမ်ပါးကလည်း...မာဆတ်ဆတ်အသံ
ဖြင့် ပြန်တုန့်ပြန်သည်။

"ဝမ်ရိုဟန်....ရှင်အခုချိန်ထိ....ဒီလိုတစ်ဇွတ်ထိုးလုပ်နေမှာလား......ဒီကိစ္စက...သားရိပေါ်တစ်ဘဝလုံးနဲ့ဆိုင်တဲ့ကိစ္စ.....
အဲ့ဒါကိုရှင်က....ရှင်သဘောအတိုင်းဆုံးဖြတ်လိုက်တယ်ပေါ့.......သားရဲ့သဘောမပါဘဲနဲ့....."

"ဒုန်း......."

ဝမ်ရိုဟန်....ယွဲ့လီလီစကား
ကြောင့်....မျက်နှာတင်းမာလာပြီး.....စားပွဲခုံကို....လက်သီးဖြင့်တစ်ချက်ထုလိုက်ကာ......

"ယွဲ့လီလီ......မင်းဒီနေ့ဘာဖြစ်နေတာလဲ....
အမြဲတမ်းငါ့သဘောအတိုင်းနေလာခဲ့ပြီး...အခုမှ..ဘာဖြစ်နေတာလဲ.....ဒီကိစ္စမှာ...ငါက...ကာယကံရှင်ကိုမမေးဘဲ....ငါ့သဘောအတိုင်းလုပ်လိုက်တယ်လို့....မင်းထင်တယ်ပေါ့....မင်းသားကိုမေးကြည့်....ငါ့သဘောလား...သူကိုယ်တိုင်သဘောတူတာလားဆိုတာ........."

 I really need you(Completed)Where stories live. Discover now