ဝမ်အိမ်တော်ရှိ ဝမ်ဥက္ကဌကြီး၏သီးသန့်စာဖတ်ခန်းထဲတွင်..................
"မဂ်လာပွဲက....တစ်ပတ်ပဲလိုတော့တာဆိုတော့.....အဲ့ဒီအတွက်ပဲ....မင်းအာရုံစိုက်လိုက်တော့.......ဂေဟာကိစ္စကိုငါရှင်းလိုက်မယ်......"
ဝမ်ရိုဟန်တစ်ယောက်......စာကြည့်စားပွဲရှေ့တွင်.......မတ်တပ်ရပ်နေသော.....သားဖြစ်သူ....ဝမ်ရိပေါ်အားပြောလိုက်ခြင်းဖြစ်သည်။
"ပြီးတော့....ဟိုကောင်မလေးနဲ့မင်း.....အခြေအနေကရော......."
"မျမ်မျမ်နဲ့သား.......အဆင်ပြေပါတယ်ပါး......"
"ကောင်းတယ်......အဲ့ဒီကောင်မလေး....မင်းကို...ယုံကြည်သွားရင်.....နောက်ပိုင်းကိစ္စတွေ
..အကုန်အဆင်ပြေသွားမှာ....ရှောင်ဇီကျွင်းက...ဝမ်စားသောက်ကုန်ကို....မင်းတို့ကိုလွှဲပေးချင်ပုံမပေါ်ဘူး.....ဒီကောင်...အရင်ကအတိုင်းပဲ......သူပဲလက်ဝါးကြီးအုပ်ဖို့စဥ်းစားနေတာ......ဒါပေမဲ့....မင်းသာ....သူ့သမီးကိုကောင်းကောင်းထိန်းချုပ်နိုင်ရင်......သူလည်းဘာမှတတ်နိုင်မှာမဟုတ်ဘူး........."ဝမ်ရိပေါ်ကိုပြောနေသော....ဝမ်ရိုဟန်၏စကားများထဲတွင်ပင်.....မုန်းတီးခံပြင်းတဲ့....စိတ်ခံစားချက်တွေ...များစွာပါဝင်နေပေသည်။
ဝမ်ရိပေါ်.....သူ့ပါးမျက်နှာကိုကြည့်ရင်းကနေ.....သက်ပြင်းတစ်ချက်မသိမသာချလိုက်ရင်း............
"ပါး.....ဂေဟာကိစ္စကိုတော့.....သားပဲဆက်လုပ်ချင်ပါတယ်......."
ဝမ်ရိုဟန်....ဝမ်ရိပေါ်မျက်နှာကို...အလိုမကျသလိုတစ်ချက်ကြည့်လိုက်ရင်း........
"မင်းကိုလုပ်ခိုင်းထားတာကြာနေပြီ.......အခြေအနေတိုးတက်လာလို့လား.....
မင်းကအရင်တုန်းကအတိုင်းပဲ....စိတ်ပျော့နေတုန်းပဲ....ငါ့သားမဟုတ်တဲ့အတိုင်းပဲ......."ဝမ်ရိပေါ်......ဝမ်ပါး၏စကားသံအဆုံးမှာ.....
ဝေ့သီလာတဲ့မျက်ရည်စတွေကို.....ဘယ်သူမှမမြင်နိုင်အောင်........ခေါင်းကိုအောက်သို့ငုံ့ချလိုက်ပြီး........လက်သီးနှစ်ဖက်ကိုကျစ်ကျစ်ပါအောင်....ဆုပ်ထားလိုက်မိသည်။ဝမ်ပါးကမျက်ရည်ကျသည်ကိုမကြိုက်ဘူးမဟုတ်လား။
ဝမ်ရိုဟန်ကတော့......ရိပေါ်ပုံစံကို....ဂရုမစိုက်ဘဲ.....ပြောလက်စစကားကို....ဆက်ပြောနေသည်။
YOU ARE READING
I really need you(Completed)
Fanfictionတစ်ယောက်ရဲ့ဘဝမှာ တစ်ယောက်မရှိရင် မဖြစ်တဲ့ ပတ်သတ်မှုမျိုးနဲ့ တည်ရှိနေတဲ့ ဖြစ်တည်မှုမျိုး...........။ အဲ့ဒါကျွန်တော်တို့နှစ်ယောက်ရဲ့ ပတ်သတ်မှုကံကြမ္မာပါပဲ.....။ ရိပေါ်+ရှောင်းကျန့် တစ်ယောက်ရဲ့ဘဝမှာ တစ်ေ...