31(U/Z)

808 31 0
                                    

Unicode

"ဒီနေ့မနက်စာအားလုံးက ကိုယ်တစ်ယောက်တည်းလုပ်ထားတာနော်
အချစ် မြည်းကြည့်ပါဦး..."

ရှောင်းကျန့်လည်း ရှေ့မှာချထားသောကော်ဖီကိုယူသောက်လိုက်သည်။
ကော်ဖီကတော့ မဆိုးပါဘူး...။
ပေါင်မုန့်မီးကင်တစ်ခုကို ယိုသုတ်ပြီး ပေးလာတာကြောင့် ရှောင်းကျန့်လည်း ယူပြီး
တစ်ကိုက်စားလိုက်သည်။

"ဘယ်လိုနေလဲဟင်..."
"အင်း..စားလို့ရပါတယ်.."

"အချစ်ကို ကိုယ့်လက်ရာစားစေချင်လွန်းလို့ မနက်အစောကြီးထပြီး ပြင်ထားရတာ."

ကော်ဖီတစ်ခွက်နှင့် ပေါင်မုန့်မီးကင်လေးပဲ
ပါသည့်မနက်စာကို မသိရင် ဟင်းပွဲပေါင်းတစ်ရာပါသည့်ထမင်းပွဲကိုပြင်ရတာ
ကျလို့...ပြောနေပုံကိုက....။
မနေ့ညကတည်းက အစာမကြေတာနှင့်ပါရောပြီး ရှောင်းကျန့် ရိပေါ်ကိုမျက်စောင်းတစ်ချက်လှမ်းထိုးရင်း...

"ဒီနေ့ကစပြီး မင်းကိုတစ်ပတ်တိတိအပြင်ထွက်ခွင့်ပိတ်တယ်..."

"ဟာကွာ အချစ်ကလည်း...ကိုယ်ချိန်းထား..."

ရှောင်းကျန့်စကားကိုအထွန့်တက်မလို့ပြင်တုန်းရောက်လာသည့် မျက်ဝန်းနက်နက်တို့ဆီက ဒေါသအရောင်ကြောင့် ရိပေါ်လည်း လေသံသာသာအသံလေးဖြင့်....

"ကိုယ် နောက်ဆို အဲ့ဒီကလပ်ကိုမသွားတော့ပါဘူး...နော် ...မနေ့ကလည်း ကိုယ်ကသွားချင်လို့မဟုတ်ပါဘူးကွာ..ယွီပင်းလေ စိတ်ပြေလက်ပျောက်သွားချင်တယ်ဆိုပြီး ကိုယ့်ကိုပါအတင်းခေါ်သွားတာ...အဲ့ဒါသူ့ကြောင့်... "

ဘေးနားထိုင်ခုံမှာထိုင်နေသည့် ယွီပင်းက
ရိပေါ်ကိုမျက်စောင်းထိုးပြီးကြည့်သည်။

"သြော်..မင်းမသွားချင်လို့သာပဲနော်...ကလပ်ထဲမှာကနေတာများ မပြောလိုက်ချင်ဘူး.....တစ်ခါတစ်လေ မင်းက ငါ့ယောကျာ်းဝမ်ရိပေါ်မှဟုတ်ရဲ့လားလို့ ငါသံသယဝင်မိတယ်သိလား..."

"အာ...အချစ်ကလည်း ကိုယ်က
မင်းယောကျ်ားစစ်စစ်ပါ...ရေမရောပါဘူး..."

"ဘာပဲဖြစ်ဖြစ် တစ်ပတ်အပြင်ထွက်ခွင့်ပိတ်တာကိုတော့ မလျှော့နိုင်ဘူး...အိမ်မှာရှိနေတုန်း သားနဲ့သမီးကိုလည်း အဖော်လုပ်ပေး...ပြီးရင် ယွမ်ယွမ်ဆီကနေ ဟင်းချက်နည်းတွေပါသင်ထား..."

 I really need you(Completed)Where stories live. Discover now