Unicode
"ကျွန်တော်တာဝန်ကျတဲ့စခန်းက'......' လေ
လမ်းကြုံရင်ဝင်လည်နော်...ကျိရန်လို့ပြောရင် စခန်းထဲကလူအကုန်သိတယ်..."ဆေးရုံမှာလှည့်ပတ်ရှာနေတုန်း ကြားလိုက်ရသည့် အသံရွှင်ရွှင်လေးကြောင့် ဟောက်ရွှမ်းလည်း အသံပိုင်ရှင်ရှိရာ ကုတင်ဆီသွားလိုက်ကာ လိုက်ကာစကိုဆွဲဖွင့်လိုက်သည်။
"စခန်းမှူးက ဘယ်လိုလုပ်ပြီး ဆေးရုံကို.."
ရုတ်တရက်ကြီးရောက်လာသည့် ဟောက်ရွှမ်းကိုမြင်ပြီးအံသြနေသည့်ကျိရန်စကားကို ပြန်မဖြေနိုင်အားပဲ ကျိရန်ခန္ဓာကိုယ်
တစ်ခုလုံးကို စေ့စေ့စပ်စပ်အရင်ကြည့်လိုက်သည်။"မင်းဒဏ်ရာရတယ်ဆို...."
"အာ...အဲ့ဒါက ဗိုက်မှာ ဓားနဲ့နဲနဲခြစ်မိသွားတာပါ..အခုဆေးထည့်ပြီးပါပြီ..."ဟောက်ရွှမ်းလည်း ကျိရန်အကျီကိုလှန်ကြည့်လိုက်တော့ ပတ်တီးဖွေးဖွေးကိုသာမြင်ရသည်။
"အဲ့ဒါကြောင့် ငါမင်းကိုပြောတာပေါ့...လိုက်
မသွားပါနဲ့ဆိုတာ..မင်းက ငါ့စကားကို နားကိုမထောင်ဘူး..""စခန်းမှူးကလည်း ကျွန်တော်ဘာမှဖြစ်တာမှမဟုတ်တာ...ပြီးတော့ ကျွန်တော်က ရဲလေ...
လူဆိုးဖမ်းရမှာ ကျွန်တော့်တာဝန်ပဲဟာ.."ဘေးမှာမတ်တပ်ကြီးရပ်ပြီး ကျိရန်ဗိုက်ကဒဏ်ရာကိုကြည့်ကာ မျက်နှာရှုံ့မဲ့နေသည့် စခန်းမှူးကြောင့်... ဒဏ်ရာရတာ သူလား ကိုယ်လားတောင် ကျိရန်မသေချာတော့ဘူး...။
"ကျွန်တော်ဘာမှမဖြစ်ပါဘူး..တစ်ကယ်ကိုနည်းနည်း...နည်းနည်းလေးပဲခိုက်မိတာ.."
"နောက်တစ်ခါ ငါ့စကားကိုနားမထောင်ဘဲ လိုက်သွားလို့ကတော့ ငါမင်းကို အချုပ်ခန်းထဲညအိပ်ခိုင်းလိုက်မှာ...ကြားလား..."
"ဟုတ်...နောက်တစ်ခါ စခန်းမှူးစကားကိုမြေဝယ်မကျနားထောင်ပါ့မယ်..."
ဒဏ်ရာရနေတာတောင် ရုပ်ပြောင်ပြနေသည့်ကျိရန်ကြောင့် ဟောက်ရွှမ်းလည်း မျက်လုံးပြူးပြကာ ကြိမ်းလိုက်သည်။
"အဟမ်း...ဟို လူနာရှင်ထင်တယ်..."
"ဒဏ်ရာက တစ်ပတ်လောက်နေရင်သက်သာမှာပါ...အမာရွတ်တောင်ကျန်ခဲ့မှာ မဟုတ်လို့ အများကြီးစိတ်မပူပါနဲ့နော်..."
![](https://img.wattpad.com/cover/252393084-288-k354315.jpg)
YOU ARE READING
I really need you(Completed)
Fanfictionတစ်ယောက်ရဲ့ဘဝမှာ တစ်ယောက်မရှိရင် မဖြစ်တဲ့ ပတ်သတ်မှုမျိုးနဲ့ တည်ရှိနေတဲ့ ဖြစ်တည်မှုမျိုး...........။ အဲ့ဒါကျွန်တော်တို့နှစ်ယောက်ရဲ့ ပတ်သတ်မှုကံကြမ္မာပါပဲ.....။ ရိပေါ်+ရှောင်းကျန့် တစ်ယောက်ရဲ့ဘဝမှာ တစ်ေ...