(7)U

439 30 0
                                    

"ချီမင့်ပါးပါး......ဘယ်တုန်းကဆုံးသွားတာလဲ...."

ကားပြတင်းပေါက်မှတစ်ဆင့်....အပြင်ဘက်ရှုခင်းများကိုငေးနေသော..ရှောင်းကျန့်ကို....
ကျန်းချန်ကားမောင်းနေရင်းမှ.....မေးလိုက်သည်။

"ဦးလေးရှီရန်ဆုံးတာ......တစ်လခွဲပြည့်တော့မယ်....."

ရှောင်းကျန့်ရဲ့စကားသံတို့တွင် ဝမ်းနည်းခြင်းအငွေ့အသက်တွေပါနေသလို....မျက်နှာပေါ်တွင်လည်း....စိတ်မကောင်းခြင်းအရိပ်အယောင်တွေ....ထင်ဟပ်နေသဖြင့်.....ကျန်းချန်လည်း....စကားလမ်းကြောင်းပြောင်းလိုက်သည်။

"ဒါဆို....ချီမင်က...ဂေဟာအုပ်ဖြစ်တာသိပ်မကြာသေးဘူးပေါ့.....ကျောင်းတက်တုန်းကဆိုရင်....မင်းနဲ့ချီမင်က....အတန်းတူတော့....ငါလည်းမင်းဆီလာရင်း....သူနဲ့စကားပြောဖြစ်ပေမဲ့....နောက်ပိုင်းတော့....အဆက်အသွယ်မရှိတော့ဘူးဖြစ်သွားတယ်.......ဒါနဲ့...မင်းပြောတော့.....အဲ့ဒီဂေဟာက....ဝမ်ကုမ္ပဏီက....စပြီးတည်ထောင်ပေးခဲ့တာဆို......ငါမှတ်မိသလောက်တော့.....ဂေဟာက...အစိုးရထောက်ပံ့ငွေနဲ့.....အလှူရှင်အပေါ်မှာပဲ...မှီခိုနေရတယ်......ဘာလို့...ဝမ်ကုမ္ပဏီက..
ထောက်ပံပေးတာမျိုးတွေ...မရှိတာလဲ......"

ကျန်းချန်ရဲ့အမေးကို........

"ဝမ်ဘိုးဘိုးရှိတုန်းကတော့....အများကြီးထောက်ပံ့ပေးခဲ့ပေမဲ့......ဝမ်ဘိုးဘိုးဆုံးသွားတော့......ဘယ်လိုဖြစ်သွားတယ်ဆိုတာ...ငါလည်းမသိတော့ဘူး......"

ရှောင်းကျန့်ပြောပြီးသည့်နောက်မှာတော့......နှစ်ယောက်လုံးအတွေးကိုယ်စီဖြင့်....ငြိမ်သက်သွားသည်။

ရှောင်းကျန့်အတွေးတို့ကတော့......ဦးလေးချီရန်
မဆုံးခင်....သူ့နဲ့တွေ့ခဲ့သည်ကို....ပြန်မြင်ယောင်လာမိသည်။

........................................................................

အဲ့ဒီနေ့က......ရှောင်းကျန့်တစ်ယောက်တည်း....ဘယ်မှလည်းမသွားဖြစ်ဘဲ....အပျင်းကြီးကာ...အိမ်တွင်...ရှိနေသောအချိန်............

အိမ်ထဲသို့.....ခပ်သုတ်သုတ်ဝင်လာပြီး.....ပါးပါးနာမည်ကိုခေါ်နေသော.....ဦးလေးချီရန်အသံကြောင့်......ရှောင်းကျန့်လည်း....အိမ်အောက်သို့....ဆင်းလာကာ.......

 I really need you(Completed)Kde žijí příběhy. Začni objevovat