"ယွီပင်းရောက်လာပြီလား မား....""မရောက်သေးဘူး သားရဲ့... မားရဲ့ကားနဲ့ပဲသွားရအောင်လေ....မားလည်းပြင်ပြီးပြီဆိုတော့....."
အမြဲတမ်းအချိန်တိကျတတ်တဲ့ယွီပင်းက ခုထိ ရောက်မလာသေးတာမို့ ရိပေါ် ဖုန်းဆက်ဖို့ပြင်တော့....
"ယွီပင်းကို ဖုန်းဆက်မနေနဲ့တော့ သား....
မင်း ပါးကလည်း သွားစရာရှိသေးလို့ အရင်သွားနှင့်ပြီ ..မားက သားနဲ့အတူသွားချင်လို့စောင့်နေတာ.... "အနီရောင် ကုတ်အကျီနဲ့ ဘောင်းဘီရှည်က
ရိပေါ်ရဲ့နဂိုရှိရင်းစွဲအသားရောင်အဖြူကို ပိုပြီးပေါ်လွင်စေသလို အနောက်သို့လှန်သိမ်းထားသည့် အနက်ရောင်ပျော့ပြောင်းသော ဆံပင်တို့ကြောင့်လည်း ဝမ်ရိပေါ်ရဲ့ရှိရင်းစွဲ ခံ့ညားမှုတို့ကို ပိုပြီး မြှင့်တင်ပေးနေပြန်သည်။ယွဲ့လီလီ မိမိရှေ့က သားဖြစ်သူကို ငေးကြည့်ရင်း မျက်ရည်တို့က ပါးပြင်ပေါ်ကျလာသည်။
ဝမ်ရိပေါ် မားမျက်ရည်ကျနေတာကိုမြင်တော့
"မား ဘာဖြစ်လို့ငိုရပြန်တာလဲဗျာ .....ဟို ပါး..ပါးကြောင့်လား...."
ယွဲ့လီလီ သားဖြစ်သူရဲ့စိုးရိမ်သလိုအမေးကြောင့် ရှိုက်သံတစ်ဝက်ဖြင့်..
"မဟုတ်ပါဘူး...သားရယ်....သားအိမ်ထောင်ပြုမဲ့အရွယ်ထိတောင် ကြီးပြင်းလာတာကိုကြည့်ရင်း မားဝမ်းသာလို့ပါ....ပြီးတော့ သားကိုလည်း အားနာမိလို့...."
"ကဲပါမားရယ် မငိုပါနဲ့တော့ မဂ်လာပွဲနေ့မှာမငိုကောင်းဘူးလေမားရဲ့ မိတ်ကပ်တွေတော့ ပျက်ကုန်ပါပြီ...."
ပြုံးစစဖြင့်ပြောလာတဲ့ သားကြောင့် ယွဲ့လီလီ
မျက်ရည်တို့ကို အမြန်သုတ်ပြီး...."ကဲ...မားတို့နောက်ကျနေလိမ့်မယ်....သွားကြရအောင်...."
........................................................................
သတို့သမီးအတွက် မိတ်ကပ်ပြင်ပေးသည့်အခန်းထဲ၌ ရှောင်းကျန့်တစ်ယောက် လမ်းထလျှောက်လိုက် ထိုင်လိုက် အခန်းတံခါးဝကိုလှမ်းကြည့်လိုက်ဖြင့် ဂနာမငြိမ်အလုပ်များနေရသည်။
![](https://img.wattpad.com/cover/252393084-288-k354315.jpg)
ВЫ ЧИТАЕТЕ
I really need you(Completed)
Фанфикတစ်ယောက်ရဲ့ဘဝမှာ တစ်ယောက်မရှိရင် မဖြစ်တဲ့ ပတ်သတ်မှုမျိုးနဲ့ တည်ရှိနေတဲ့ ဖြစ်တည်မှုမျိုး...........။ အဲ့ဒါကျွန်တော်တို့နှစ်ယောက်ရဲ့ ပတ်သတ်မှုကံကြမ္မာပါပဲ.....။ ရိပေါ်+ရှောင်းကျန့် တစ်ယောက်ရဲ့ဘဝမှာ တစ်ေ...