Unicode
ရှောင်းကျန့် ခေါက်ဆွဲပန်းကန်ကို ဂရုတစိုက်သယ်ရင်း အခန်းထဲဝင်လာခဲ့သည်။
ဒီနေ့က ဝမ်ရိပေါ်ရဲ့မွေးနေ့..။ဒါ့ကြောင့် ရှောင်းကျန့် သူကိုယ်တိုင်အစောကြီးထပြီး ခေါက်ဆွဲကိုပြင်ဆင်ထားတာဖြစ်သည်။
ရှောင်းကျန့် ခေါက်ဆွဲပန်းကန်ကို စားပွဲပေါ်တင်လိုက်ပြီး အိပ်ယာပေါ်မှာအိပ်ပျော်နေ
သည့် ရိပေါ်ရှိရာဆီသွားလိုက်သည်။"ရိပေါ်....ဝမ်ရိပေါ်ထ...ထတော့...ကြားလား..ဝမ်ရိပေါ်..."
ရှောင်းကျန့်ခေါ်သံကြောင့် ဝမ်ရိပေါ်လည်း အိပ်ပျော်နေရာက နိုးလာပြီး...
"ရှောင်းကျန့်...ဘာဖြစ်လို့လဲ.."
"နိုးပြီလား...ထထ..မျက်နှာသွားသစ်ချည်.."အိပ်ယာပေါ်ကဆွဲချပြီး ရေချိုးခန်းထဲအတင်းတွန်းပို့နေသော ရှောင်းကျန့်ကြောင့် ဝမ်ရိပေါ်လည်း ဘုမသိဘမသိဖြင့် ရေချိုးခန်းထဲရောက်သွားရသည်။
ဝမ်ရိပေါ်ကို ရေချိုးခန်းထဲတွန်းပို့ပြီးမှ ရှောင်းကျန့်လည်း မှန်ကိုကြည့်ကာ ကိုယ့်ကိုယ်ကိုကြည့်ကောင်းမကောင်း ပြန်ကြည့်ရသည်။
အဖြေပေးမဲ့အကြောင်းတွေးလိုက်မိတော့
နှုတ်ခမ်းတို့က အလှပဆုံးအပြုံးကို ပြုံးမိနေပြန်ရော.....။.
."ဝမ်ရိပေါ်....ဘယ်လိုလဲ စားကောင်းလား..."
မျက်နှာသစ်ပြီးရေချိုးခန်းထဲကထွက်လာရုံရှိသေး...ခေါက်ဆွဲအတင်းစားခိုင်းပြီး အရသာသိချင်နေသောရှောင်းကျန့်ကြောင့် ရိပေါ်လည်းစားကြည့်လိုက်သည်။
"အင်း...ကောင်းတယ်...မင်းချက်တာလား..."
"မွေးနေ့မှာပျော်ရွင်ပါစေ ရိပေါ်..."
ရိပေါ် ရှောင်းကျန့်စကားကြောင့် အံ့အားသင့်သွားပြီး...
"ငါ့မွေးနေ့ကိုမှတ်ထားတာလား..."
ရှောင်းကျန့်လည်း ဝမ်ရိပေါ်စကားကြောင့်...
"ငါ့မွေးနေ့နဲ့ခြောက်ရက်ပဲကွာတာကို... မှတ်ထားစရာမှမလိုတာ..."
ရိပေါ်လည်းခေါက်ဆွဲတစ်ပန်းကန်လုံးကို ကုန်အောင်စားလိုက်ပြီး....
![](https://img.wattpad.com/cover/252393084-288-k354315.jpg)
ESTÁS LEYENDO
I really need you(Completed)
Fanficတစ်ယောက်ရဲ့ဘဝမှာ တစ်ယောက်မရှိရင် မဖြစ်တဲ့ ပတ်သတ်မှုမျိုးနဲ့ တည်ရှိနေတဲ့ ဖြစ်တည်မှုမျိုး...........။ အဲ့ဒါကျွန်တော်တို့နှစ်ယောက်ရဲ့ ပတ်သတ်မှုကံကြမ္မာပါပဲ.....။ ရိပေါ်+ရှောင်းကျန့် တစ်ယောက်ရဲ့ဘဝမှာ တစ်ေ...