9(U)

407 28 0
                                    

ကျန်းရှောင်ဆေးရုံ ဗွီအိုင်ပီအခန်းနံပါတ်(၅၀၁)......

လူနာကုတင်ပေါ်တွင် အသက်သုံးဆယ်ခန့်အရွယ်ကြည့်ကောင်းသည့် လူတစ်ယောက်
အိပ်ပျော်နေသည်။သတိမေ့နေသည်ဆိုလျှင်ပိုမှန်မည်ထင်သည်။

ထိုလူ့ဘေးတွင်တော့ ရေဆွတ်ထားသော မျက်နှာသုတ်ပုဝါကိုကိုင်၍
ဆေးပိုက်သွင်းထားသော လက်ကို ညင်သာစွာကိုင်ပြီး ရေပတ်တိုက်နေတဲ့ ကောင်လေးတစ်ယောက်ရှိနေသည်။

ထိုအချိန်တွင် အခန်းတံခါးကိုဖွင့်ကာ ဝင်လာသောလူငယ်တစ်ယောက်....

ဝင်လာသောလူငယ်က ဘာစကားမှမပြောဘဲ ဧည့်သည်များထိုင်ရန်ထားထားသော ဆိုဖာပေါ်ကျောမှီထိုင်လိုက်ပြီး မျက်နှာကို မျက်နှာကျက်ပေါ်သို့ မော့ကြည့်နေဟန်။ဒါပေမဲ့
ထိုသူ၏မျက်လုံးများကတော့ မှိတ်ထားကာ ပါးစပ်ကတော့ တစ်ခုခုကိုစားနေသည့်ဟန် လှုပ်နေလေသည်။

ဆယ်မိနစ်ခန့်ကြာသွားချိန်မှာတော့ ရေပတ်တိုက်ပေးနေသူက လူနာဝတ်စုံကိုသေချာပြန်ဝတ်ပေးပြီး ရေဇလုံထဲသို့ ရေပတ်တိုက်ထားသောမျက်နှာသုတ်ပုဝါကိုထည့်ကာ ရေဇလုံကို လက်နှစ်ဖက်ဖြင့်မယူလာပြီး ဆိုဖာပေါ်တွင်ထိုင်နေသောသူရဲ့ရှေ့က စားပွဲပေါ်တွင်တင်လိုက်ရင်း သူကိုယ်တိုင်လည်းမျက်နှာချင်းဆိုင်ကထိုင်ခုံမှာပါ ဝင်ထိုင်လိုက်သည်။

"ဂေဟာမှူးကိစ္စကို နောက်ထပ်ရောက်လာတဲ့ရဲမှူးက ပြန်စုံစမ်းနေတယ် မင်းနယ်သွားပြီး ခဏရှောင်နေလိုက်....."

"ကျစ်....."

စကားသံကြောင့် မှိတ်ထားသောမျက်လုံးအစုံက..ပွင့်လာပြီး တစ်ခုခုကိုဝါးနေဟန်ရှိသောပါးစပ်ကလည်း မကျေနပ်သလို ကျစ်ကနဲစုတ်သပ်လိုက်သည်။

"အဲ့ဒီရဲကိုပါ ငါရှင်းလိုက်မယ်....."

"အပိုကိစ္စတွေမလုပ်စမ်းနဲ့..... ငါမင်းရှုပ်သမျှကို လိုက်မရှင်းနိုင်ဘူး......

"လူတစ်ယောက်ထပ်သတ်ရုံလေးပဲကို ဘာမှမခက်ပါဘူး မဟုတ်ဘူးလား မုန့်ယောင်...."

 I really need you(Completed)Onde histórias criam vida. Descubra agora