Unicode
တစ်ယောက်တည်းစားရတဲ့ မနက်စာက တော်တော်ပျင်းဖို့ကောင်းတာပဲ...အရသာလည်းမရှိဘူး...။
ရှောင်းကျန့် မျက်နှာချင်းဆိုင်က ကုလားထိုင်အလွတ်ကို လှမ်းကြည့်ရင်း ထမင်း
တစ်ပန်းကန်ကို မြန်မြန်ကုန်အောင်
စားလိုက်ရသည်။ဂေဟာက ပြန်လာပြီးတဲ့ရက်ကတည်းက ဝမ်ရိပေါ်က သူ့ကို စကားလည်းမပြောတော့ဘူး...အလုပ်အကြောင်းမေးရင်တောင် ရှောင်းကျန့်မေးတဲ့မေးခွန်းနဲ့ပတ်သတ်တာကလွဲရင် တစ်ခြားဘာမှထပ်မပြောဘူး...နောက်ဆုံးရှောင်းကျန့်နာမည်တောင်
ထည့်မခေါ်တော့ဘူး...။မနက်ဆိုလည်း ရှောင်းကျန့်မနိုးခင် အလုပ်သွားပြီး ညဆိုလည်း အိပ်ခါနီးအချိန်လောက်မှ ပြန်လာတတ်တယ်...။
ဒီနေ့နဲ့ဆို ရှောင်းကျန့်တစ်ယောက်တည်း မနက်စာစားရတာ လေးရက်တောင်ရှိပြီ..။
ဒီအိမ်မှာ ဝမ်ရိပေါ်ကလွဲပြီး စကားပြောဖော်
မရှိတာကြောင့် ရှောင်းကျန့် အတွက်တော့ ဒီလေးရက်က တစ်ကယ့်ကိုရှည်ကြာလွန်းတဲ့ရက်စွဲတွေပဲ...။
.
.
.ခြံဝန်းထဲဆင်းလာတော့ ဝမ်ရိပေါ်ရဲ့အတွင်းရေးမှူး ယွီပင်းက အဆင်သင့်စောင့်နေတာကို ရှောင်းကျန့်တွေ့လိုက်ရတယ်...။
"ဒီနေ့တော့ ကျွန်တော် ကိုယ့်ဘာသာပဲ ကားမောင်းပြီး အလုပ်သွားချင်တယ်..."
ရှောင်းကျန့်စကားကြောင့် ယွီပင်း ခေါင်းကိုခပ်မြန်မြန်ရမ်းလိုက်ပြီး...
"မဖြစ်ပါဘူး..ဥက္ကဌက ကျွန်တော့်ကို အစ်ကိုလေးရှောင်းအတွက် အကြိုအပို့လုပ်ပေးဖို့ တာဝန်ပေးထားတာ...ပျက်ကွက်မိရင် ကျွန်တော်အဆူခံရလိမ့်မယ်..."
ဒီဝမ်ရိပေါ်က သူ့စိတ်သူ့သဘောချည်းပဲ...သူကျတော့ တစ်ရက်လုံးဘယ်သွားသွား ဘာလုပ်လုပ် ရှောင်းကျန့်မသိရဘူး..။
ရှောင်းကျန့်ကိုကျတော့ သူ့အတွင်းရေးမှူးတစ်ယောက်လုံးကို အနားကနေ တစ်ကောက်ကောက်လိုက်ခိုင်းထားတယ်....မတရားလိုက်တာ...။နောက်ဆုံးတော့လည်း ရှောင်းကျန့်တစ်ယောက် ယွီပင်းမောင်းပို့ပေးသည့်ကားနှင့်ပဲ ကုမ္ပဏီရောက်သွားသည်။ကိုယ့်ကြောင့် သူများအခက်တွေ့မဲ့ကိစ္စမျိုးကို ရှောင်းကျန့်က မလုပ်ချင်ဘူးလေ...။
![](https://img.wattpad.com/cover/252393084-288-k354315.jpg)
YOU ARE READING
I really need you(Completed)
Fanfictionတစ်ယောက်ရဲ့ဘဝမှာ တစ်ယောက်မရှိရင် မဖြစ်တဲ့ ပတ်သတ်မှုမျိုးနဲ့ တည်ရှိနေတဲ့ ဖြစ်တည်မှုမျိုး...........။ အဲ့ဒါကျွန်တော်တို့နှစ်ယောက်ရဲ့ ပတ်သတ်မှုကံကြမ္မာပါပဲ.....။ ရိပေါ်+ရှောင်းကျန့် တစ်ယောက်ရဲ့ဘဝမှာ တစ်ေ...