13(U)

382 25 0
                                    

ဝမ်အိမ်တော်က လွန်ခဲ့သည့် ဆယ့်နှစ်နှစ်ကအတိုင်းပင်။ဘာမှ ပြောင်းလဲသွားတာမရှိခဲ့။
ပြောင်းလဲသွားတာဆိုလို့ ဝမ်ရိပေါ်အခန်းရှေ့က အပင်စိုက်ထားသည့် ပန်းအိုးကြီးမရှိတော့တာတစ်ခုပဲ။

ရှောင်းကျန့် အခန်းတံခါးကိုဖွင့်လိုက်တော့
ဘယ်သူမှရှိမနေချေ။ရေချိိုးခန်းထဲက ရေကျသံသဲ့သဲ့ကြောင့် ဝမ်ရိပေါ် ရေချိုးနေသည်ထင်သည်။

ရှောင်းကျန့်လည်း အခန်းကို တစ်ချက်
ဝေ့ကြည့်လိုက်တော့  အနီရောင်ပိုးဖဲတို့ဖြင့် အလှဆင်ထားသည့် ကုတင်က မျက်စိထဲအရင်ဝင်လာသည်။

မဂ်လာဦးညအတွက်ပြင်ဆင်ထားတဲ့ ကုတင်ကိုကြည့်ရင်း စိတ်ထဲ တစ်မျိုးကြီးဖြစ်လာတာမို့ မျက်စိကို အမြန်လွှဲလိုက်ကာ ကုတင်ကိုကျောပေးထိုင်လို့ရသော ဆိုဖာပေါ်တွင်ဝင်ထိုင်နေလိုက်သည်။

........................................................................

ရေပန်းက ကျလာတဲ့ ရေစက်တွေက အေးပေမဲ့ ရိပေါ့်စိတ်ကိုတော့ အေးအောင်လုပ်မပေးနိုင်ပါ။

အခုရိပေါ်ဦးနှောက်ထဲတွင် အဖြေရှာရမဲ့ ပဟေဠိတွေအများကြီး ဖြစ်နေသည်။

မျမ်မျမ်နဲ့ရိပေါ် လက်ထပ်လို့မဖြစ်ဘူးဆိုပြီး
အတင်းတားနေတဲ့ ဝမ်းမားက ဘာတွေကိုလှို့ဝှက်ထားတာလဲ........

ပြီးတော့ ရှောင်းကျန့်နဲ့လက်ထပ်ခိုင်းတဲ့ ဝမ်ပါးကရော ဘာတွေကို ကြံစည်နေပြန်တာလဲ.........

ပြီးတော့ ကျင်းမုန့်ယောင်ရဲ့ တစ်ကယ့်မျက်နှာဖုံးအစစ်က ဘာဖြစ်မလဲ.....

ဂေဟာမှုး လန်ချီရန် သေဆုံးမှုမှာရော ဘယ်သူက တရားခံအစစ်အမှန်လဲ........

ပြီးတော့  လက်ထပ်ဖို့ကို လွယ်လွယ် ခေါင်းညိတ်လိုက်တဲ့ ရှောင်းကျန့်.......

တွေးရင်း ခေါင်းထဲမှာ ရှုပ်ထွေးလာတာမို့ ခေါင်းကို ဘယ်ညာရမ်းလိုက်ရင်း မျက်နှာကိုမော့ကာ အေးစက်စက်ရေများရဲ့ အထိအတွေ့ကို ခံစားနေလိုက်သည်။

........................................................................

ရေကျသံရပ်သွားပြီး မရှေးမနှောင်းမှာပင်
တံခါးဖွင့်သံကြားရတာမို့ ရှောင်းကျန့်လည်း
စားပွဲပေါ်တွင်တင်ထားသော စာအုပ်များထဲမှ တွေ့ရာစာအုပ်တစ်အုပ်ကို ယူကာ ဖတ်ချင်ယောင်ဆောင်နေလိုက်သည်။

 I really need you(Completed)Where stories live. Discover now