ဖုန်းနံပါတ်တစ်ခုကို ထပ်ကာထပ်ကာဆက်နေပေမဲ့လည်း ....ပြန်ဖြေသူမရှိသည့်ဖုန်းကြောင့်
ရှောင်းကျန့်.. စိတ်ညစ်နေမိသည်။ကိစ္စအားလုံးအဆင်ပြေသည်ဟုထင်ခဲ့ပေမဲ့.....။
.
.
.
.ဝမ်အိမ်တော်ခြံဝန်းထဲမှာ စိုက်ထားသည့် ပန်းများကို လျှောက်ကြည့်ရင်း ပေါ့ပါးနေသည့်စိတ်တို့က မုန့်ယောင်ရောက်လာပြီးစကားပြောသည့်အချိန်မှာ ...ပျက်စီးသွားရသည်။
လိုင်းဖွင့်မကြည့်ရသေးသည့် ရှောင်းကျန့်အဖို့
မုန့်ယောင်ပြောပြသည့် သတင်းတို့ကြောင့်
ပါးနှင့်မားတို့ကို အရင်ဆုံးစိတ်ပူမိသွားသည်။
ပါးဆီတော့ ဖုန်းမဆက်ရဲတာကြောင့် မားဖုန်းကိုလှမ်းဆက်ပေမဲ့လည်း ဖုန်းမကိုင်ပေ။
ထို့ကြောင့် ဝမ်ရိပေါ်ဆီ ဖုန်းဆက်နေခြင်းဖြစ်သည်။နေ့လယ်နှစ်နာရီထိုးပြီးသည်အထိ ဖုန်းမကိုင်သော ဝမ်ရိပေါ်ကြောင့် ရှောင်းကျန့်လည်း ဖုန်းထပ်မဆက်တော့ဘဲ ရှောင်အိမ်တော်ဆီ
ကိုယ့်ဘာသာပဲသွားဖို့ဆုံးဖြတ်လိုက်သည်။
ထိုအချိန်တွင် ဖုန်းringtoneသံကြားလိုက်ရတာကြောင့် ရှောင်းကျန့်လည်း ဖုန်းကိုအမြန်ယူပြီး ကြည့်လိုက်သည်။
ရှောင်းကျန့်ထင်ထားသည်က ဝမ်ရိပေါ်ဖုန်းပြန်ခေါ်သည်ပေါ့......။
ဒါပေမဲ့ ရှောင်းကျန့်ထင်မြင်ချက်က မမှန်ကန်ခဲ့ပါ။"အင်း....ချီမင်...."
". ........""အင်း....ငါလည်းသတင်းတွေဖတ်ပြီးပြီ....ငါကအဆင်ပြေပါတယ်....ပါးနဲ့မားကိုပဲ စိတ်ပူတာ....."
". ............"
"အဲ့ဒါ အခုငါ အိမ်ပြန်မလို့..."
". ........"
"ဝမ်ရိပေါ်လား...သူ့ဆီဖုန်းဆက်ပေမဲ့ သူက ဖုန်းမကိုင်ဘူး....ငါ့ဘာသာပဲ တက္ကစီစီးပြီးသွားမလို့...."
". .........."
"ရပါတယ်.....မင်းအလုပ်ရှုပ်လိမ့်မယ်...ငါ့ဘာသာပဲသွားလိုက်မယ်...."
". ..............."
"အင်း...အဲ့ဒါဆိုလည်း ငါ အိမ်ပြင်ဘက်ကနေ စောင့်နေမယ်..."
"အင်း......"
ဖုန်းပြောပြီးသွားသည်နှင့်... ရှောင်းကျန့်လည်း ဝတ်ထားသည့်အဝတ်အစားတို့ကို အနည်းငယ်ပြန့်ပြူးအောင်ဆွဲဆန့်ပြီး.... ဖုန်းကိုကောက်ယူလိုက်ကာ အိမ်အပြင်ဘက်ထွက်လာခဲ့သည်။

YOU ARE READING
I really need you(Completed)
Fanfictionတစ်ယောက်ရဲ့ဘဝမှာ တစ်ယောက်မရှိရင် မဖြစ်တဲ့ ပတ်သတ်မှုမျိုးနဲ့ တည်ရှိနေတဲ့ ဖြစ်တည်မှုမျိုး...........။ အဲ့ဒါကျွန်တော်တို့နှစ်ယောက်ရဲ့ ပတ်သတ်မှုကံကြမ္မာပါပဲ.....။ ရိပေါ်+ရှောင်းကျန့် တစ်ယောက်ရဲ့ဘဝမှာ တစ်ေ...