(5)U

492 32 0
                                    


လူရှစ်ယောက်စားမည့်ထမင်းစားပွဲပေါ်တွင်...
နေရာချထားသော...ဟင်းခွက်တို့ကလည်း...စားပွဲအပြည့်ပင်။ဟင်းခွက်တွေကလည်း...အမျိုးအမည်စုံလှတာမို့......ရှောင်းကျန့်ဗိုက်ထဲက...ဆန္ဒပြနေလေပြီ။မနက်အိပ်ရာထနောက်ကျမိသော...မိမိကိုယ်ကိုပဲ....ရှောင်းကျန့်အပြစ်တင်မိတော့သည်။

"ဂွီ......."

ဗိုက်ထဲက..ဆန္ဒပြသံက...အပြင်ဘက်အထိ...တိုးထွက်လာသောကြောင့်......ဘေးမှာကပ်ထိုင်နေသော....မျမ်မျမ်ထံမှ....ခိုးရယ်သံသဲ့သဲ့ကို....ရှောင်းကျန့်ကြားလိုက်ရသည်။
ထို့ကြောင့်.....ရှောင်းကျန့်....ညီမဖြစ်သူမျမ်မျမ်ကို....မျက်စောင်းတစ်ချက်ဖြင့်...ကြည့်လိုက်သည်။

ထိုအခါမှ.....မျမ်မျမ်လည်း..မျက်နှာပိုးသတ်ကာ.....ရှောင်းကျန့်နားကပ်၍.....လေသံတိုးတိုးဖြင့်............

"ကိုကို....နင်..ဘာမှစားမလာဘူးလား........"

မျမ်မျမ်အပြောကြောင့်.....ရှောင်းကျန့်လည်း....

"ဘယ်လိုလုပ်စားခဲ့ရမှာလဲ....ငါအိပ်ရာကနိုးနိုးချင်း...မားက...နင့်စေ့စပ်ပွဲဆိုပြီး....နားရွက်ဆွဲပြီး...အတင်းခေါ်လာတာလေ....ငါကဘယ်ချိန်စားခဲ့ရမှာလဲ.......ဟွန်း....စေ့စပ်ပွဲပဲဟာ....ငါမလိုက်လည်းရတဲ့ဟာကို...."

ရှောင်းကျန့်ရဲ့မကြည်သလိုအပြောကို.......

"ကိုကို.....နင်ကလည်းဟာ.....တစ်ဦးတည်းသောညီမလေးရဲ့...စေ့စပ်ပွဲပဲဟာကို.....ခဏတော့....သည်းခံလိုက်ပါဟာ......ဟိုရေခဲတုံးရောက်လာရင်.....ရှေ့နေက..စကားနည်းနည်းပြောပြီးတာနဲ့.....နင်စားချင်တာစားလို့ရပါပြီဟ.....ခဏပဲသည်းခံ......."

ပြောပြီးသည်နှင့်......မျမ်မျမ်တစ်ယောက်....မတော်ရသေးတဲ့...ယောက္ခမဝမ်ကတော်...ဘက်သို့လှည့်ကာ......ပြုံးရယ်ကာ...စကားပြောနေလေသည်။

ရှောင်ပါးနဲ့ရှောင်မားကလည်း....ဘာတွေပြောပြီး...သဘောတွေကျနေသည်မသိ။ဝမ်ဥက္ကဌကြီးကတော့......စေ့စပ်ပွဲကို..ဆောင်ရွက်ပေးမည့်......ရှေ့နေနှင့်....တီးတိုးစကားပြောနေပြန်သည်။

ရှောင်းကျန့်....စားပွဲမှာရှိသည့်လူအကုန်ကြည့်ပြီးနောက်မှာတော့....ကိုယ့်ကိုယ်ကို...လူပိုလိုခံစားလာရကာ.....ဗိုက်လည်းပိုဆာလာလေသည်။

 I really need you(Completed)Where stories live. Discover now