12(U)

445 29 0
                                    

အချိန်ခဏကြာတော့ ဝမ်ရိုဟန်နဲ့ မုန့်ယောင် အခန်းထဲပြန်ဝင်လာကာ....

"ရှောင်ဇီကျွင်း ဒီမဂ်လာပွဲမှာ မင်းတို့ဘက်က
ပျက်ကွက်ခဲ့ပေမဲ့ ငါကတော့ ဒီမဂ်လာပွဲကို ဆက်လုပ်ဖို့ဆုံးဖြတ်ထားတယ်...."

ဝမ်ရိုဟန်စကားကြောင့် အခန်းထဲရှိလူအကုန်
ဝမ်ရိုဟန်ဆီ အကြည့်ရောက်လာသည်။

ရိပေါ် ပါးစကားကို နားမလည်ပေမဲ့ မကောင်းတဲ့အငွေ့အသက်တော့ ရနေသည်။ရိပေါ်
ပါးနောက်က မုန့်ယောင်ကိုကြည့်လိုက်တော့
ပိုပြီးသံသယဝင်လာသည်။

သတို့သမီးမရှိဘဲ ဘယ်လိုမဂ်လာပွဲကိုဆက်လုပ်ဖို့ပြောနေတယ်ဆိုတာကို ရှောင်းကျန့်
ဦးနှောက်က လိုက်မမှီတော့ပေ။

ယွဲ့လီလီ ဝမ်ရိုဟန်မျက်နှာကိုစေ့စေ့ကြည့်ရင်း အဲ့ဒီလူစိတ်ထဲ ဘာကြံစည်နေလဲဆိုတာကို စိတ်ထဲတွင် အပြေးအလွှားစဥ်းစားနေမိသည်။ဒါပေမဲ့ သူမ စိုးရိမ်သလို
သမီးမျမ်မျမ်နဲ့သားရိပေါ်လက်ထပ်ရမှာမဟုတ်တာတော့
သေချာတာမို့ နည်းနည်းတော့ စိတ်အေးမိသည်။ကမ္ဘာပေါ်က ဘယ်မိန်းကလေးကိုမဆို ချွေးမအဖြစ်လက်ခံနိုင်ပေမဲ့ မျမ်မျမ်ကတော့ ချွင်းချက်ပေ။

"ရိုဟန် မင်းမှာဘာအကြံရှိလို့လဲ သမီးမှမရှိတော့တာ မဂ်လာပွဲကို ဘယ်လိုဆက်လုပ်မလို့လဲ.."

ရှောင်ပါးအမေးကို ရှောင်မားကလည်း သိချင်နေဟန်ဖြင့် ဝမ်ရိုဟန်အဖြေကို စောင့်နေသည်။

ဝမ်ရိုဟန် အားလုံးကို ဝေ့ကြည့်ကာ ပြုံးပြလိုက်ရင်း သူ့အကြည့်က လူတစ်ယောက်ဆီမှာ ရပ်သွားပြီး နှုတ်မှလည်း....

"သတို့သမီးမရှိတော့ပေမဲ့ ရှောင်းကျန့်ရှိတယ်လေ....."

အခန်းထဲရှိလူအားလုံးရဲ့ အသက်ရှူသံပင်မကြားရလောက်အောင်ပင် ရုတ်တရက်ကြီး တိတ်ဆိတ်သွားသည်။

ရှောင်းကျန့် သူ့နာမည်ကိုကြားလိုက်၍ မယုံကြည်ဟန်ဖြင့် ဦးလေးဝမ်ကိုကြည့်လိုက်သည်။

"ရိုဟန် မင်းပြောချင်တဲ့ အဓိပ္ပါယ်ကို ငါနားမလည်ဘူး....မင်း ....မင်းပြောချင်တာက...."

 I really need you(Completed)Where stories live. Discover now