Unicode
ကြော်ငြာအတွက် မနက်ကတည်းကဓာတ်ပုံရိုက်ရတာက နေ့လည်ရောက်သည်အထိ မပြီးသေးပေ။
ဓာတ်ပုံရိုက်ရတာ ဒီလောက်ပင်ပန်းမှန်း ရှောင်းကျန့်မသိခဲ့ဘူး..။
ဓာတ်ပုံဆရာလိုချင်သည့် အမူအရာအနေအထားမျိုးရသည်အထိ နေပေးရတာကြောင့် ခဏအနားရသည့်အချိန်မှာတော့ ရှောင်းကျန့်စိတ်လွတ်လက်လွတ်ဖြင့် စားပွဲခုံပေါ် ပါးအပ်ပြီး နားနေလိုက်သည်။"ပင်ပန်းနေပြီလား အချစ်..."
နားနားကပ်ကာပြောသည့် ခပ်ရှရှအသံ
လေးကြောင့် ရှောင်းကျန့်မျက်တောင်တို့ကို ပိတ်လိုက်ဖွင့်လိုက်လုပ်ပြပြီး..."အင်း...ပင်ပန်းတယ်.."
"ကိုယ်အားပြန်ဖြည့်ပေးမယ်..."
ပါးပြင်ပေါ်ရောက်လာသည့် အနမ်းတစ်ပွင့်ကြောင့် ရှောင်းကျန့်၏နှုတ်ခမ်းထောင့်စွန်းတို့က အလိုအလျှောက်ကွေးတက်သွားသည်။
"မင်းရော မပင်ပန်းဘူးလား..."
"ကိုယ်က အရင်ကတည်းက ဒီလိုမျိုးရိုက်ဖူးတယ်လေ...အင်တာဗျူးတွေမှာ..""အွန်း..."
နှုတ်ခမ်းပါးတို့ကိုစူကာ ရိပေါ်ပြောသမျှကိုနားထောင်နေသည့် ရှောင်းကျန့်ကြောင့် ရိပေါ်လည်း ရှောင်းကျန့်ဘေးနားမှာဝင်ထိုင်ပြီး ရှောင်းကျန့်မျက်နှာနှင့်မျက်နှာချင်းဆိုင်ဖြစ်အောင် ခုံပေါ်မျက်နှာအပ်ရင်း....
"အချစ်ပင်ပန်းရင် နောက်ရက်မှဆက်ရိုက်ကြမလား..."
"ဘယ်ဖြစ်မလဲ.. ကိုယ့်ကြောင့် တစ်ခြားသူကို
အလုပ်ရှုပ်အောင်မလုပ်ချင်ပါဘူး...""ပြီးတော့..ခုနကမင်းအားဖြည့်ပေးလို့ အားနည်းနည်းပြည့်သွားပြီထင်တယ်...ဟီး..."
"ချစ်တယ်..."
"အွန်း...ငါလည်းချစ်တယ်..."
.
."ဒါရိုက်တာရှောင် ဓာတ်ပုံပြန်ရိုက်ကြမယ်တဲ့..."
အဖွဲ့မှူးစကားကြောင့် ရှောင်းကျန့်နှင့် ဝမ်ရိပေါ်လည်း ခန္ဓာကိုယ်ကိုမတ်မတ်ပြန်ထိုင်လိုက်ပြီး...
"အင်းသိပြီ..ကျွန်တော်တို့လာခဲ့မယ်..."
.................................................................
YOU ARE READING
I really need you(Completed)
Fanfictionတစ်ယောက်ရဲ့ဘဝမှာ တစ်ယောက်မရှိရင် မဖြစ်တဲ့ ပတ်သတ်မှုမျိုးနဲ့ တည်ရှိနေတဲ့ ဖြစ်တည်မှုမျိုး...........။ အဲ့ဒါကျွန်တော်တို့နှစ်ယောက်ရဲ့ ပတ်သတ်မှုကံကြမ္မာပါပဲ.....။ ရိပေါ်+ရှောင်းကျန့် တစ်ယောက်ရဲ့ဘဝမှာ တစ်ေ...