17(U)

423 25 0
                                    

      "သားရော..."
       "သခင်လေးတို့နှစ်ယောက်လုံး မနက်ကကားယူပြီး အပြင်ထွက်သွားပါတယ်.."
   "ရှောင်းကျန့်ရော သားနဲ့ပါသွားတာပေါ့... သားက ဘာပြောသွားသေးလဲ.."
"သခင်လေးရိပေါ်က မနက်စာကိုအပြင်မှာပဲ စားလိုက်မယ်လို့ပြောပါတယ်..."
"အင်း...သွားလို့ရပြီ..."

ယွဲ့လီလီတစ်ယောက် အိမ်တော်ထိန်းချူးရီကို
ထွက်သွားခိုင်းလိုက်သည်။
ချူးရီထွက်မသွားခင် ဝမ်ရိုဟန်ရောက်လာတာကြောင့် ချူးရီလည်း သခင်ကြီးအတွက် မနက်စာပြင်ပေးပြီးမှ ထမင်းစားခန်းအပြင်သို့ထွက်သွားလေသည်။

"ရှောင်းကျန့်ကိုဘယ်လိုလုပ်ဖို့စဥ်းစားထားလဲ.."
ယွဲ့လီလီအမေးကြောင့် ဝမ်ရိုဟန်တစ်ယောက်
မျက်ခုံးပင့်ကြည့်ရင်း..
"ဘာကို ဘယ်လိုလုပ်ရမှာလဲ.."

"ရှင့်ကိုယ်ရှင်လူကောင်းတစ်ယောက်လို ဟန်ဆောင်မနေပါနဲ့...ကျွန်မက ရှင့်အကြောင်းအကုန်သိတဲ့သူပါ.."
"ရှင် ရှောင်းကျန့်ကို သားနဲ့လက်ထပ်ပေးလိုက်တာ အကြောင်းတစ်ခုခုရှိလို့ပဲမဟုတ်လား..
အဲ့ဒီအကြာင်းအရင်းကို ကျွန်မက စိတ်မဝင်စားပါဘူး..
တစ်ခုပဲ ရှင်ဘာလုပ်လုပ် ကျွန်မသားကို မထိခိုက်ပါစေနဲ့...မဟုတ်ရင် ကျွန်မဘာလုပ်မိမယ်ဆိုတာအာမမခံနိုင်ဘူး.."

ဝမ်ရိုဟန် ယွဲ့လီလီ၏စကားကြောင့်...
"ထူးဆန်းလိုက်တာ...မင်းက ရှောင်းကျန့်ဆိုတဲ့ကလေးအတွက်လုံးဝမစိုးရိမ်ဘူးပေါ့...သူက မင်းအချစ်ရဆုံးသူနှစ်ယောက်ရဲ့ ကလေးလေ...သူ့ကိုထိခိုက်ရင်လည်းရတယ်ပေါ့.."

ထိုစကားကိုကြားတော့ အသံထွက်အောင်ထိရယ်လိုက်မိသူက ယွဲ့လီလီဖြစ်သည်။
ရယ်လို့အားရကာမှ...

"ကျွန်မအတွက်တော့ ကျွန်မသားက အရေးကြီးဆုံးပဲ...ကျန်တဲ့သူကိုဂရုစိုက်ရမှာလား...ဒါကလည်း ရှင့်ဆီကသင်ယူခဲ့တာတွေပါပဲ...ရှင့်ကြောင့် ကျွန်မကအခုလိုပြောင်းလဲသွားခဲ့တာလေ...ရှင့်ကြောင့်..."

"အော်...ဒါနဲ့ ရှင် ရှောင်းကျန့်ဆိုတဲ့ကလေးကို မြန်မြန်ရှင်းထုတ်သင့်တယ်ထင်တယ်....
အဲ့ဒီကလေးက သားရိပေါ်နဲ့နီးကပ်လွန်းသွားရင်မကောင်းဘူး..အထူးသဖြင့်ရှင့်အတွက်ပေါ့...."

 I really need you(Completed)Tahanan ng mga kuwento. Tumuklas ngayon