ရှောင်းကျန့်....ချီမင်စကားကိုဖြတ်ပြောလိုက်ပြီး....အခန်းထဲသို့...တစ်လှမ်းချင်းဝင်လာလိုက်သည်။
အစကတော့....ကလေးတွေရဲ့...ပန်းချီစာရွက်ထည့်ထားတဲ့အိတ်ကျန်နေခဲ့လို့....ပြန်လာယူတာဖြစ်ပေမဲ့....ဒီနေ့...ချီမင်ရဲ့မျက်နှာမကောင်းတာအပြင်....ဝမ်ဥက္ကဌရောက်နေတယ်ဆိုသည့်စကားကြောင့်ပါ.....ရှောင်းကျန့်...သိချင်စိတ်ပေါ်လာသဖြင့်....ရုံးခန်းဆီအရင်လာခဲ့မိသည်။
အခန်းထဲကစကားသံများကို..ရှောင်းကျန့်ကြားလိုက်ရသောအခါ.....နည်းနည်းတော့...ဒေါသထွက်မိသွားသည်။ဒီဂေဟာက.......ဝမ်ဘိုးဘိုးစထူထောင်ပေးခဲ့တယ်ဆိုပေမဲ့.....မြေပိုင်ဆိုင်မှုအကုန်လုံးကို....ဂေဟာကျောင်းအုပ်ဆီကို...လွှဲပေးခဲ့ပြီးသားပင်။
ဒါကို..အခုခါမှ....ဒီမြေကိုလိုချင်စိတ်နဲ့....လာခြိမ်းခြောက်နေတာကတော့....နည်းနည်း...လူမိုက်ဆန်လွန်းသည်။ချီမင့်အသံကြားချိန်မှာတော့....ရှောင်းကျန့်ဝင်ပါမှဖြစ်တော့မည်ဟု...ဆုံးဖြတ်ကာ....တံခါးဖွင့်ကာ....ချီမင်စကားကို....ဖြတ်ပြောလိုက်သည်။
........................................................................
"ရှောင်းကျန့်....."
ခေါ်သံကြောင့်.....ရှောင်းကျန့်...ချီမင်ဘက်ကို...တစ်ချက်လှည့်ကြည့်လိုက်ပြီး......
"ပြီးမှ...မင်းနဲ့ငါ..စကားပြောမယ်......"
ရှောင်းကျန့်ပြောပြီးသည်နှင့်.....ချီမင်လက်ထဲက...စာရွက်စာတမ်းတွေကို...ဆွဲယူကာ...တစ်ချက်ကြည့်လိုက်ပြီး.....ပြုံးလိုက်ကာ....
...ဝမ်ဥက္ကဌဆိုသည့်လူထိုင်နေသည့်....လန်ချီမင်.....ဂေဟာကျောင်းအုပ်ဆိုသည့် ကတ်ပြားတင်ထားသော...စားပွဲရှိရာဆီ....လျှောက်သွားလိုက်ပြီး.....ရှေ့တည်တည့်တွင်....ရပ်လိုက်သည်။"ဒီဂေဟာက....ဝမ်ကုမ္ပဏီနဲ့...သက်ဆိုင်ခြင်းမရှိတော့ဘူး....ဝမ်ဘိုးဘိုးကိုယ်တိုင်....သူ့သေတမ်းစာမှာ....ဒီမြေကို....လန်ကျောင်းအုပ်ကြီးဆီ...လွှဲပေးခဲ့ပြီးသား....ဒီတော့...မင်းဘက်က...စာရွက်စာတမ်းတွေနဲ့....ခြိမ်းခြောက်လည်း...ဘာမှမထူးဘူး....ဝမ်ရိပေါ်......."
ရှောင်းကျန့်....ပြောပြီးသည်နှင့်....လက်ထဲတွင်ကိုင်ထားသော...စာရွက်များကို....ဖြဲကာ......စားပွဲဘေးတွင်ရပ်နေသော...အတွင်းရေးမှူးဖြစ်ဟန်တူသောသူဆီသို့....ဖြဲထားသော..စာရွက်များကို...ပေးလိုက်ရာ...ထိုလူက...အယောင်ယောင်အမှားမှားဖြင့်....ရှောင်းကျန့်ဆီက...စာရွက်ပြဲများကို...ယူထားလိုက်လေသည်။
![](https://img.wattpad.com/cover/252393084-288-k354315.jpg)
YOU ARE READING
I really need you(Completed)
Fanfictionတစ်ယောက်ရဲ့ဘဝမှာ တစ်ယောက်မရှိရင် မဖြစ်တဲ့ ပတ်သတ်မှုမျိုးနဲ့ တည်ရှိနေတဲ့ ဖြစ်တည်မှုမျိုး...........။ အဲ့ဒါကျွန်တော်တို့နှစ်ယောက်ရဲ့ ပတ်သတ်မှုကံကြမ္မာပါပဲ.....။ ရိပေါ်+ရှောင်းကျန့် တစ်ယောက်ရဲ့ဘဝမှာ တစ်ေ...