14(U)

387 23 0
                                    

"အိပ်လို့ ကောင်းလိုက်တာ....."

နိုးနေပြီဖြစ်ပေမဲ့..... ဖွင့်လို့မရသေးသည့် မျက်ဝန်းတစ်စုံကို.. လက်နှစ်ဖက်ဖြင့်
အသာပွတ်သပ်ရင်း တစ်ကိုယ်လုံးရှိ အကြောအခြင်တို့ကို ဆန့်ထုတ်နေမိသည်။

"နိုးပြီဆိုရင် ထတော့..."

တစ်ယောက်တည်းထင်နေရာက အကြားအာရုံထဲရောက်လာသည့် ဝမ်ရိပေါ်အသံကြောင့်...ရှောင်းကျန့်မျက်ဝန်းတို့က
အမြန်ပွင့်သွားသလို အသိစိတ်တို့ကလည်း လက်ရှိအခြေအနေကို သတိပေးလာသည်။

ဟုတ်သား....အခုသူက ဝမ်အိမ်တော်မှာရှိနေတာပဲ.....။

ဆံပင်ကိုသပ်ရပ်စွာ အနောက်သို့လှန်ဖီးထားပြီး အနက်ရောင် အနောက်တိုင်းဝတ်စုံပြည့်ဝတ်ထားသော ဝမ်ရိပေါ်က ကုတင်ခြေရင်းတွင်မတ်တပ်ရပ်လျက် ရှောင်းကျန့်ကိုကြည့်နေသည်။

ဘယ်အချိန်ကတည်းကများ သူထပြီး ပြင်ဆင်နေပါလိမ့်....။ရှောင်းကျန့်က အိပ်ပုပ်ကြီးတတ်သူဆိုပေမဲ့ မနက်ခုနှစ်နာရီတော့
ပုံမှန်နိုးပါသည်။အခုလည်း ခုနစ်နာရီတောင် မထိုးသေးတာကို....။

ဝမ်ရိပေါ် သူ့တစ်ကိုယ်လုံးကို   အပေါ်အောက်စုံချည်ဆန်ချည် ကြည့်နေသည့် အိပ်ချင်မူးတူးပုံစံနှင့် ရှောင်းကျန့်ကြောင့်....

"မျက်နှာသစ်ပြီးရင် မနက်စာစားဖို့ ဝမ်အိမ်တော် ဘက်လာခဲ့...ငါမင်းကို စောင့်နေမယ်..."
.
.
.
.
.

"ဝမ်ရိပေါ်...မနက်ဘယ်အချိန်ထသွားတာလဲ...ငါလဲမသိလိုက်ဘူး...နေဦး...ငါမနေ့က ဆိုဖာပေါ်မှာ အိပ်ပျော်သွားတာလားလို့..."

ကုတင်ပါ်မှာ ထိုင်နေရင်းက ပွစိပွစိရေရွတ်ရင်း စဥ်းစားနေပေမဲ့...အဖြေမပေါ်တာကြောင့်....

"ကြည့်ရတာ...ငါအိပ်ပျော်ခါနီး ကုတင်ပေါ် ပြောင်းအိပ်လိုက်တာထင်ပါတယ်...."

ရှောင်းကျန့်လည်း အကြာကြီးစဥ်းစားမနေတော့ဘဲ....အိပ်ရာပေါ်က မြန်မြန်ထပြီး ရေချိုးခန်းထဲဝင်လာခဲ့သည်။

သွားတိုက်တံကိုယူပြီး သွားတိုက်ဖို့ မှန်ကို
ကြည့်ကာမှ...ရှောင်းကျန့်မျက်လုံးပြူးကာ....

 I really need you(Completed)Where stories live. Discover now