"ခွမ်း....."
အခန်းထဲဝင်ဝင်ချင်း ဖန်ခွက်ဖြင့်ပစ်ပေါက်ခံရသည့်အဖြစ်မျိုးက ဝမ်ရိပေါ်ဆိုသည့် သူ့အတွက် မထူးဆန်းတော့တာကြောင့် လှမ်းနေသည့်ခြေလှမ်းတွေကို တစ်ချက်မှ မရပ်တန့်ဘဲ ပါးရှိရာ စားပွဲနားထိရောက်အောင်သွားလိုက်သည်။
"မင်းကိုငါ ကျင်းဒါရိုက်တာဆီသွားတွေ့ခိုင်းတာလေ...အဲ့ဒါကိုသွားမတွေ့ဘူးဆိုတော့
ဒီတလောငါမင်းကို ကောင်းကောင်းဆက်ဆံမိနေတယ်ထင်တယ်...ဘာလဲ..မင်းကအရိုက်ခံရမှ မှတ်မှာလား...""ကျွန်တော်အရေးကြီးတဲ့ကိစ္စပေါ်လာလို့ပါ..."
"အရေးကြီးတဲ့ကိစ္စဟုတ်လား....ဘာကိစ္စလဲ
ကုမ္ပဏီနှစ်ခုပူးပေါင်းဖို့အရေးထက်အရေးကြီးတာဘာရှိသေးလို့လဲ..."ဝမ်ရိပေါ်.. ပါးစကားကြောင့် မျက်လွှာချနေရာက ပါးဖြစ်သူမျက်လုံးများကို စိုက်ကြည့်ရင်း...
"ရှောင်းကျန့် ပျောက်သွားလို့ပါ.....အကြောင်းအရင်းကိုတော့ ကျွန်တော်ပါးကို ရှင်းပြစရာလိုလောက်မယ်မထင်ဘူး ပါးသိပြီးသားဖြစ်မှာပါ....ပါးစီစဉ်ထားတဲ့ကိစ္စတွေဆိုတော့.."
ဘယ်တုန်းကမှ မျက်လုံးချင်းဆုံပြီးမပြောရဲခဲ့သည့်သူ့သားက.. အခုတော့ မျက်နှာအနေအထားကအစပြောင်းလဲပြီး ဒေါသထွက်နေသည်ကြောင့်....
"ရှောင်းကျန့် ပျောက်သွားလို့..ဟား....သူကအရွယ်ရောက်ပြီးသားယောကျာ်းတစ်ယောက်လေ... သူ့ဘာသာထွက်သွားပြီးပြန်လာမှာပေါ့....အဲ့ဒါကိုလိုက်ရှာဖို့အတွက်
အလုပ်ကိစ္စကိုဖျက်လိုက်တဲ့မင်း ရူးနေပြီလား...""ကျွန်တော်မရူးဘူး....ရှောင်းကျန့်က ကျွန်တော်လက်ထပ်ထားတဲ့သူမို့လို့ သူ့ကို ကျွန်တော်ဂရုစိုက်ရမယ် ကာကွယ်ရမယ် ...."
ဝမ်ရိုဟန် သူ့သားအဖြေကြောင့် ခေါင်းတစ်ခါခါဖြင့် ထရပ်လိုက်ပြီး ရိပေါ်ပခုံးနှစ်ဖက်ကိုလက်ဖြင့်ဆုပ်ကိုင်လိုက်ကာ
"သား....မင်းမှားနေပြီ....ပါးမင်းကို သူနဲ့လက်ထပ်ပေးတယ်ဆိုတာ ခဏတာအတွက်ပဲ...ပြီးတာနဲ့ ပါးကိုယ်တိုင် သူ့ကို သားအနားကနေ ဖယ်ပေးမှာ.... အဲ့ဒီတော့ သားက ပါးပြောသလိုသာ လိုက်နာပေး...ကျန်တာတွေ သူ့အလိုလိုရှင်းသွားလိမ့်မယ်..."
![](https://img.wattpad.com/cover/252393084-288-k354315.jpg)
YOU ARE READING
I really need you(Completed)
Fanfictionတစ်ယောက်ရဲ့ဘဝမှာ တစ်ယောက်မရှိရင် မဖြစ်တဲ့ ပတ်သတ်မှုမျိုးနဲ့ တည်ရှိနေတဲ့ ဖြစ်တည်မှုမျိုး...........။ အဲ့ဒါကျွန်တော်တို့နှစ်ယောက်ရဲ့ ပတ်သတ်မှုကံကြမ္မာပါပဲ.....။ ရိပေါ်+ရှောင်းကျန့် တစ်ယောက်ရဲ့ဘဝမှာ တစ်ေ...