အခန်း(၁၈)ပွေ့ဖက်မှုအချိန်အတော်ကြာသည်အထိ ရှီကျင်းသည်
ဖဲကြိုးစများဖုံးလျက် စကားတစ်လုံးမပြောနိုင်ဘဲ
မတ်တပ်သာရပ်နေမိသည်။လျန်ကျွင်းသည်လည်း သူ့ဘေးတွင်
တိတ်တဆိတ်စောင့်နေလိုက်သည်။ရှောင်စစ်သည် ကျေနပ်ပျော်ရွှင်စွာ
ပြောသော်လည်း အနည်းငယ်လည်း
စိတ်ပူနေပုံရသည်။<ကျင်းကျင်း,ဘာဖြစ်လို့လဲဟင်>
ရှီကျင်းနှင့်မူလရှီကျင်းတို့သည် မွေးနေ့လည်း
တူတာကြောင့် ဒါက ရှီကျင်းအတွက်
အမှန်တကယ် မွေးနေ့surpriseဖြစ်ကြောင်း
ရှောင်စစ်သိသည်။"ဘာမှမဖြစ်ပါဘူး"
ရှောင်စစ်၏အသံကြားသောအခါ ရှီကျင်း
ပြန်လည် သတိဝင်လာခဲ့သည်။သူ့လက်ကို
မြှောက်ကာ မျက်နှာတစ်ပြင်လုံးသုတ်လိုက်ပြီး
ခေါင်းပေါ်မှဖဲကြိုးများကို ရယ်လျက် ခါချသည်။
ထို့နောက် သူ့လက်ထဲမှ စာအိတ်နီအား
မြင်သောအခါ လျန်ကျွင်းဘက်သို့
လှည့်ကြည့်ကာ ဆိုသည်။"ကျွင်းရှောက်,ကျွန်တော့်ကို ဘာပေးတာလဲ?
ငွေသားမဟုတ်ဘဲ ဘာလို့ cardဖြစ်နေရတာလဲ"
လျန်ကျွင်းသည် သူ့အားတစ်ချက်လှမ်းကြည့်ပြီး
မသိချင်ယောင်ဆောင်ကာ ဧည့်ခန်းအတွင်းသို့
ဝင်ရန် ဝှီးချဲကိုရွေ့လိုက်သည်။ရှီကျင်းသည် လက်ကိုင်ကိုဖမ်းကိုင်လိုက်ပြီး
အတင့်ရဲစွာ ဝှီးချဲကို အနောက်သို့ပြန်ဆွဲသည်။
သူသည် ရှေ့သို့ကုန်းကာ လျန်ကျွင်းဆီသို့
လက်လှမ်းပြီး စိတ်လှုပ်ရှားသည်ကို ချိုးနှိမ်လျက်
မေးလိုက်သည်။"ကျွင်းရှောက်ကို...ကျွန်...ကျွန်တော်
ဖက်လို့ရမလား"လျန်ကျွင်းသည် ရှီကျင်းအား စိတ်မပါစွာ
ကြည့်လိုက်သည်။
YOU ARE READING
သေခြင်းတရား ယူနစ်ဘား [ဘာသာပြန်]
ActionTitle: Death Progress Bar "生存进度条" Author: Can't Play Chess(不会下棋 ) ရဲဝန်ထမ်းတစ်ဦးဖြစ်သည့်ရှီကျင်းသည် သူခိုးနောက်သို့လိုက်ရင်း ကုန်တင်ကားတိုက်မိကာ... သူဖတ်နေသော ဝတ္ထုကအဓိကဇာတ်ကောင်ရှီကျင်းဆီသို့ ဝိညာဉ်ကူးပြောင်းသွားခဲ့တော့သည်။ ********** ရဲဝန်ထမ်းတစ်ဦ...