အခန်း(၂၄)မစ်ရှင်
"သူက လွန်ခဲ့တဲ့ရက်အနည်းငယ်ကမှ
အရွယ်ရောက်လာတာပါ!"
လျန်ကျွင်း၏ခံယူချက်သည် ရှန့်အာ့ထင်အား
ပို၍ဒေါသဖြစ်စေသည်။"သူက ပြေးကွင်းနှစ်ပတ်လောက်ပတ်ပြေးပြီးရင်
သေမလိုမောတဲ့ ဖူးဖူးမှုတ်ခံထားရတဲ့ကလေး
တစ်ယောက်!ခင်ဗျား သူ့ကိုခွင့်ပြုတာက
သေလမ်းကိုတွန်းပို့နေသလိုပဲ! ခင်ဗျားပြောတာ
သူက အသင့်တော်ဆုံးအဖွဲ့ဝင်?
ငါ့အမြင်မှာတော့ သူက ခင်ဗျားအတွက်
ဘာမှနစ်နာဆုံးရှုံးစရာ မလိုဘဲ အသုံးချနိုင်တဲ့
အသင့်တော်ဆုံးအဖြည့်ခံတစ်ခုလို့ တွေးနေပုံပဲ"ရှန့်အာ့ထင်ထိုသို့ပြောလိုက်သောအခါ
Gua Erနှင့် Gua Jiu၏အမူအရာမှာ
ရုပ်ဆိုး အကျဉ်းတန်သွားပြီး ရှန့်အာ့ထင်အား
မုန်းတီးမှုအပြည့်ဖြင့် ကြည့်လိုက်သည်။လျန်ကျွင်းသည် ဘယ်သောအခါမှ
သူ၏လက်အောက်ငယ်သားများ၏အသက်ကို
အကျိုးစီးပွားအတွက်သော်လည်းကောင်း
အဖြည့်ခံခြေနင်းတုံးအဖြစ်သော်လည်းကောင်း
တစ်ကြိမ်တစ်ခါမှ မဆက်ဆံဖူးပေ။
ရှန့်အာ့ထင်၏စကားများသည် လျန်ကျွင်းကို
သာမက 'ပျက်သုဉ်းခြင်း'အဖွဲ့အစည်းရှိ
အဖွဲ့ဝင်များကိုပါစော်ကားရာကျသည်။လျန်ကျွင်းသည် ယခုရှန့်အာ့ထင်၏
စိတ်အခြေအနေမှာ သူ့ရှင်းပြချက်များကို
နားထောင်မည်မဟုတ်မှန်း နားလည်သဖြင့်
ရှီကျင်းအား လက်ဟန်ပြကာ ပြောသည်။"လုပ်လိုက်"
"မင်း!"
ရှန့်အာ့ထင်သည် ဒေါသတကြီးဖြင့်
ချက်ချင်း အိတ်ကပ်ထဲမှ သေနတ်အား
ဆွဲထုတ်ဟန်ပြင်သည်။ရှီကျင်းသည် လျန်ကျွင်းဆိုလိုသည်ကို
နားလည်သဘောပေါက်ကာ ယခုတွင်
ရှန့်အာ့ထင်၏ အမြင်ကို သူကိုယ်တိုင်
ပြောင်းလဲပေးဖို့ အချိန်တန်ပြီဖြစ်သည်။
ရှီကျင်းသည် အချိန်ဆွဲမနေတော့ဘဲ
စားပွဲပေါ်ကို လက်ထောက်ကာ အရှေ့သို့
ခုန်ကျော်လိုက်သည်။သူ့ခြေထောက်သည်
သေနတ်အားလက်လှမ်းနေသော ရှန့်အာ့ထင်၏
လက်ဆီသို့ လွှဲကန်လေသည်။ထို့နောက်
ကျန်လက်တစ်ဖက်ဖြင့် စားပွဲပေါ်မှ ခဲတံကိုယူကာ
ဓားမြှောင်အဖြစ်ကိုင်ရင်း ရှန့်အာ့ထင်၏
မျက်လုံးကို ဦးတည်ထိုးဟန်ပြင်သည်။
YOU ARE READING
သေခြင်းတရား ယူနစ်ဘား [ဘာသာပြန်]
ActionTitle: Death Progress Bar "生存进度条" Author: Can't Play Chess(不会下棋 ) ရဲဝန်ထမ်းတစ်ဦးဖြစ်သည့်ရှီကျင်းသည် သူခိုးနောက်သို့လိုက်ရင်း ကုန်တင်ကားတိုက်မိကာ... သူဖတ်နေသော ဝတ္ထုကအဓိကဇာတ်ကောင်ရှီကျင်းဆီသို့ ဝိညာဉ်ကူးပြောင်းသွားခဲ့တော့သည်။ ********** ရဲဝန်ထမ်းတစ်ဦ...