အခန်း(၂၂)
ရှင်သန်လွတ်မြောက်ဖို့ အကြောင်းရင်းဒဏ်ရာအနာတရများရခဲ့သော်လည်း
ရှီကျင်းသည် ယနေ့စမ်းသပ်ချက်ရလဒ်ကို
အင်မတန်မှ စိတ်ကျေနပ်မိသည်။ပထမဦးဆုံးအနေနဲ့ ဝတ္ထုဇာတ်ကြောင်းသည်
ဟာကွက်များရှိကြောင်း ဆုံးဖြတ်နိုင်ခဲ့သည်။
ပြီးနောက် သူ့အစ်ကိုများသည် သူ့အား
သေချာပေါက် သတ်ချင်ခဲ့ခြင်းမျိုးမဟုတ်ခဲ့။
အနည်းဆုံး ရုန်ကျိုးကျုံးသည်
ထိုသို့တွေးထားရင်တောင် အမှန်တကယ်
မလုပ်ချင်ခဲ့ တစ်နည်းအားဖြင့် မလုပ်နိုင်ပေ။ဒုတ်ယအချက်အနေနဲ့ ယူနစ်ဘား၏
တက်လိုက်ကျလိုက်ဖြစ်ခြင်းသည်
အတော်ပြဿနာများ၍ ထိုအရာနှင်
့ဖြစ်လာမည့်အန္တရာယ်တို့ဆက်နွယ်ပုံကို
တစ်ခေါက်ပြန်စမ်းစစ်ဖို့ လိုအပ်သည်။နောက်ဆုံးအချက်ကတော့
အမှတ်အတိုးအလျော့သည်
သေစေနိုင်သောအချက်များအပြင်
တခြားအကြောင်းအရာများပါဝင်
လွှမ်းမိုးနေနိုင်လား ထိုသို့မဟုတ်
သူသဘောပေါက်ထားသော သေစေနိုင်သည့်
အချက်များမှာ မပြည့်စုံ၍လား ဟူသည်ကို
တွေးဆရမည်။ရှောင်စစ်၏အမူအရာမှာ နားမလည်ကြောင်း
ဖော်ပြနေသည်။ရှီကျင်း ရှင်းပြသည်။
"သေစေနိုင်တဲ့အချက်တွေကို
'ပကတိသေချာတဲ့အကြောင်းခံ' နဲ့
'မတိကျသွေဖီတဲ့အကြောင်းခံ' ဆိုပြီး
နှစ်မျိုးခွဲခြားနိုင်တယ်၊ လျန်ကျွင်းရဲ့
ယူနစ်ဘားက များသောအားဖြင့်
ပကတိသေချာတဲ့အကြောင်းခံ နဲ့သက်ဆိုင်တယ်။
ဥပမာအားဖြင့် သူ့ခန္ဓာကိုယ်အခြေအနေ၊
သူ့အနီးနားမှာ ရှိတဲ့ရန်သူနဲ့ သူရောက်နေတဲ့
နေရာက အန္တရာယ်များတာ အဲ့လိုအချက်တွေပေါ့။ဒါပင်မဲ့ ငါ့ယူနစ်ဘားကကျ မတူဘူး၊
အဲ့တာက ရိုလာကိုစတာလို
တက်သွားလိုက်ကျသွားလိုက်နဲ့မတိကျတဲ့
အကြောင်းခံတွေက လွှမ်းမိုးနေတာပဲ။
ဥပမာ ငါအစ်ကိုတွေ ဒါမှမဟုတ်
တခြားအမည်မသိလူတွေက သတ်ဖို့
ဆန္ဒရှိနေတာမျိုးပေါ့။
YOU ARE READING
သေခြင်းတရား ယူနစ်ဘား [ဘာသာပြန်]
ActionTitle: Death Progress Bar "生存进度条" Author: Can't Play Chess(不会下棋 ) ရဲဝန်ထမ်းတစ်ဦးဖြစ်သည့်ရှီကျင်းသည် သူခိုးနောက်သို့လိုက်ရင်း ကုန်တင်ကားတိုက်မိကာ... သူဖတ်နေသော ဝတ္ထုကအဓိကဇာတ်ကောင်ရှီကျင်းဆီသို့ ဝိညာဉ်ကူးပြောင်းသွားခဲ့တော့သည်။ ********** ရဲဝန်ထမ်းတစ်ဦ...