အခန်း(၂၈)အမှတ်တရလက်မှတ်
တွေ့ဆုံရန်ချိန်းဆိုထားသော
စားသောက်ဆိုင်သည် ဟိုတယ်နှင့်
အလှမ်းဝေးသည်။
လျန်ကျွင်းမှရောက်ရှိပြီဖြစ်ကြောင်းပြောကာ
ဖုန်းချပြီးသည်အထိ ရှီကျင်းတို့မှာ
ရောက်ရှိရန် မိနစ်နှစ်ဆယ်နီးပါး လိုသေးပေသည်။ရှီကျင်းခမျာ ပင်အပ်ဖင်ခုထိုင်နေသလို
ထိုင်ခုံတွင် လှုပ်စိလှုပ်စိ ဖြစ်လျက်ရှိသည်။ပြတင်းပေါက်အပြင်ဘက်အား စိတ်ပူပန်စွာ
ငေးကြည့်နေသောရှီကျင်းအား ရှန့်အာ့ထင်
သတိထားမိသောအခါ မနေနိုင်စွာ
မေးကြည့်လိုက်သည်။"လျန်ကျွင်းနဲ့အတူစားရဖို့က မင်းအတွက်
အဲ့လောက်တောင် အရေးပါတာလား ? "စိတ်နဲ့လူနဲ့ ပြန်ကပ်လာသော ရှီကျင်းသည်
သူ့အစ်ကိုအား ဘေးတိုက်ငဲ့ကြည့်လိုက်ပြီး
ခေါင်းညိတ်သည်။"အင်း အရမ်းအရေးပါတယ် "
ဤသည်မှာ သေရေးရှင်ရေးကိစ္စမဟုတ်ပါလား။
ထိုသို့ စကားပြန်ဆိုပြီးနောက်
လမ်းတစ်လျှောက်ကားမပိတ်ပါစေရန်
မီးစိမ်းသာဖြစ်ပါစေဟု ဆုတောင်းရင်း
အရှေ့သို့သာ ကြည့်နေတော့သည်။ထို့အပြင်
သူ့စိတ်ထဲမှ ဘားတန်းကိုလည်း
မျက်ခြေအပြတ်မခံပေ။လျန်ကျွင်း စားသောက်ဆိုင်အနီးသို့်
ရောက်သည်နှင့် ထိုသူ၏ယူနစ်ဘားသည်
ဆက်လက်တက်နေခဲ့သည်။ထို့နောက်
ဖုန်းချသွားပြီးချိန်၌ ၉၀၀သို့ကျော်တက်သွားပြီး
၉၁၀တွင် ရပ်တန့်နေသည်။
ထိုအခြေအနေကြောင့် သူ့အသက်အန္တရာယ်အား
ရုတ်ချည်းခြိမ်းခြောက်မှုဖြစ်မည်ဟု
မဆိုလိုတော့သော်လည်း အန္တရာယ်ကတော့
အနီးအနားတွင် ရှိနေမည်ဖြစ်သည်။ရှောင်စစ်သည် စိတ်ထိခိုက်လုနီးပါး
စိုးရိမ်နေ၍ ရှီကျင်းသည်လည်း
မတည်ငြိမ်နိုင်တော့ပေ။
သူသည် Gua Erဆီ ဖုန်းဆက်ခေါ်ပြီး
လျန်ကျွင်း၏လုံခြုံမှုကို ပိုအာရုံစိုက်ပေးရန်
တိုက်တွန်းချင်လှသော်လည်း ဖုန်းခေါ်ဆိုမှုကြောင့်
အာရုံလစ်ဟင်းသွားမည်ကိုလည်း စိုးရိမ်မိသဖြင့်
အံကြိတ်ပြီးသာ သည်းခံနေလိုက်သည်။
YOU ARE READING
သေခြင်းတရား ယူနစ်ဘား [ဘာသာပြန်]
ActionTitle: Death Progress Bar "生存进度条" Author: Can't Play Chess(不会下棋 ) ရဲဝန်ထမ်းတစ်ဦးဖြစ်သည့်ရှီကျင်းသည် သူခိုးနောက်သို့လိုက်ရင်း ကုန်တင်ကားတိုက်မိကာ... သူဖတ်နေသော ဝတ္ထုကအဓိကဇာတ်ကောင်ရှီကျင်းဆီသို့ ဝိညာဉ်ကူးပြောင်းသွားခဲ့တော့သည်။ ********** ရဲဝန်ထမ်းတစ်ဦ...