အခန်း(၄၂)Massage
အခြေအနေမှာ အနည်းငယ်ကသိကအောက်
ဖြစ်သွားရသည်။ရှီကျင်းသည် ခေါင်းငုံ့ကာ
သူ၏စပ်စပ်စုစုအတွေးများကို ချုပ်ထိန်း
လိုက်သည်။ထို့နောက် ဘာမှမဖြစ်ခဲ့သောဟန်နှင့်
အနှိပ်ကုတင်ဆီလှည့်ကာ လျန်ကျွင်း၏
ခြေထောက်များကိုကြည့်လိုက်သည်။လျန်ကျွင်းမှာ ပိန်ပါးသည်။ထို့ကြောင့်
ရှီကျင်းမှာနှိပ်ပေးမည်ဟုပြောလိုက်တည်းက
ထိုသူ၏အရိုးပြိုင်းပြိုင်းနှင့်မလှမပ
ခြေထောက်တစ်စုံကိုမြင်ရဖို့
စိတ်ထဲပြင်ဆင်ထားပြီးဖြစ်သည်။
သို့သော်လည်း တကယ်မြင်လိုက်ရသည်က
သူ့ကိုတောင့်ခဲသွားစေသည်။လျန်ကျွင်းခြေထောက်များမှာ
ထိုသို့လှဲလှောင်းလိုက်သောအခါ
ပို၍သွယ်လျသွားပုံရသည်။
အရုပ်မဆိုးကာ ရှည်လျားဖြောင့်စင်းပြီး
ကြွက်သားရှိသင့်သောနေရာများတွင်ရှိသည်။
အစိတ်အပိုင်းများမှာလည်း ပြေပြစ်လှသည်။
လျန်ကျွင်း၏ကျန်းမာရေးအခြေအနေကြောင့်သာ
ခန္ဓာကိုယ်အမွှေးအမျှင်နည်းပါးပြီး
အထူးသဖြင့် ခြေတံများမှာ အသားအရည်မှ
သွေးကြောများကိုတိုက်ရိုက်မြင်တွေ့ရသည်အထိ
နူးညံနေသည်။ထိုအချိုးအစား ထိုအသွင်အပြင်...
ရှီကျင်းအထင်နှင့်ဆန့်ကျင်စွာ
လျန်ကျွင်းခြေထောက်များမှာ ကြည့်ကောင်းလွန်း
နေသည်။ 'အမျိုးသားတိုင်း သန်မာသော
ကြွက်သားရှိသင့်တယ်'လို့ မတွေးသူတိုင်းအတွက်
ပြီးပြည့်စုံသောခြေထောက်မျိုးပင်။"ကြည့်ရဆိုးလို့လား?"
လျန်ကျွင်းသည် ရှီကျင်း၏အမူအရာကို
သေချာကြည့်ရင်း အသံနိမ့်မေးသည်။လူငယ်လေးသည် သတိပြန်ဝင်လာကာ
ခေါင်းခါပြသည်။ရှီကျင်းသည် ဖြူဖျော့သော
ခြေထောက်ကိုထိတွေ့နေရင်း ထိုကြွက်သားများမှာ
အမှန်တကယ်ဖြစ်ကြောင်းသိချင်၍မနေနိုင်စွာ
ဆွဲဆိတ်ကြည့်လိုက်သည်။
YOU ARE READING
သေခြင်းတရား ယူနစ်ဘား [ဘာသာပြန်]
ActionTitle: Death Progress Bar "生存进度条" Author: Can't Play Chess(不会下棋 ) ရဲဝန်ထမ်းတစ်ဦးဖြစ်သည့်ရှီကျင်းသည် သူခိုးနောက်သို့လိုက်ရင်း ကုန်တင်ကားတိုက်မိကာ... သူဖတ်နေသော ဝတ္ထုကအဓိကဇာတ်ကောင်ရှီကျင်းဆီသို့ ဝိညာဉ်ကူးပြောင်းသွားခဲ့တော့သည်။ ********** ရဲဝန်ထမ်းတစ်ဦ...