အခန်း(၄၃)အစားထိုးခြင်း
ရှီကျင်းသည် အံ့အားသင့်စွာ သက်ပြင်းချပြီး
ဒုတိယဖိုင်ကို ဖွင့်လိုက်သည်။အစောပိုင်းကလိုပဲ ဓာတ်ပုံနှစ်ပုံထွက်လာသည်။
အမျိုးသား၏ရုပ်ရည်မှာ ရင်းနှီးသလို
မရင်းနှီးသလိုဖြစ်နေသည်။
သူ၏မျက်လုံးများက ရှီရှင်းရွယ်နှင့်ဆင်ပြီး
မျက်နှာအသွင်အပြင်မှာဒုတိယမြောက်ပုံထဲမှ
အမျိုးသမီးနှင့်ဆင်သည်။
အေးစက်စက်နှင့် ချဉ်းကပ်လွယ်မည့်ပုံမပေါ်ပေ။ရှီကျင်း တစ်အောင့်ကြာစဉ်းစားပြီးမှ
ထိုလူမှာ သူမတွေ့ရသေးသော
ဒုတိယအကြီးဆုံးအစ်ကိုဖေးယွီကျင့်ဖြစ်ကြောင်း
အံ့သြသင့်စွာ မှတ်မိသွားသည်။ဖေးယွီကျင့်မှာ
ကမ္ဘာတစ်လွှားလည်ပတ်ကာ
အမှုကိစ္စများကိုင်တွယ်နေသော
ရှေ့နေတစ်ဦးဖြစ်သည်။ပြုံးနေသော်လည်း မျက်လုံးများက
မှင်သေသေဖြစ်နေသော ဓာတ်ပုံထဲမှလူကို
ရှီကျင်း သေချာကြည့်ကာ မျက်မှောင်ကြုတ်
လိုက်သည်။ဇာတ်လိုက်ရှီကျင်းမှတ်ဉာဏ်အတွင်းက
ဒုတိယအစ်ကိုမှာ စိတ်ရှည်ပြီးကြင်နာသည်။ဒီဖေးယွီကျင့်က လူအမျိုးမျိုးအပေါ်
မျက်နှာအမျိုးမျိုးရှိပုံပေါ်သည်။
ဒါမှမဟုတ် 'ရှီကျင်း'အပေါ်သာ
သူ၏ကွဲပြားသောမျက်နှာကို ချပြခြင်းလား။
ကံမကောင်းစွာနဲ့ သူ၏ကြင်နာမှုများက
ဖေးယွီကျင့်၏ခံစားချက်အမှန်များကို
ဖုံးကွယ်ထားပေးသောမျက်နှာဖုံးတစ်ခုထက်မပိုချေ။ရှီကျင်းသည် ထိုပုံကိုခဏကြာကြာ
စိုက်ကြည့်ပြီးမှ နောက်တစ်ပုံသို့
အကြည့်ရွေ့လိုက်သည်။ဤသည်မှာ အသွင်အပြင်နောက်တစ်မျိုးရှိသော
ဖေးယွီကျင့်၏မိခင်ဖြစ်သည်။
ရှီဝေချုံးအမေကမက်မောစရာအသွင်ရှိပြီး
လီကျိုးကျန့်အမေကနူးညံ့သည်ဆို
ဖေးယွီကျင့်အမေကတော့ နတ်ဘုရားမအလား
အသွင်အပြင်ဖြစ်စေ စရိုက်သဘာဝဖြစ်စေ
ပြီးပြည့်စုံလှသောရေခဲဘုရင်မတစ်ဦးဖြစ်သည်။
YOU ARE READING
သေခြင်းတရား ယူနစ်ဘား [ဘာသာပြန်]
ActionTitle: Death Progress Bar "生存进度条" Author: Can't Play Chess(不会下棋 ) ရဲဝန်ထမ်းတစ်ဦးဖြစ်သည့်ရှီကျင်းသည် သူခိုးနောက်သို့လိုက်ရင်း ကုန်တင်ကားတိုက်မိကာ... သူဖတ်နေသော ဝတ္ထုကအဓိကဇာတ်ကောင်ရှီကျင်းဆီသို့ ဝိညာဉ်ကူးပြောင်းသွားခဲ့တော့သည်။ ********** ရဲဝန်ထမ်းတစ်ဦ...