အခန်း(၃၅)စနိုက်ပါ
နှစ်သစ်ကူးအကြိုနေ့မှာ စိတ်လှုပ်ရှား
ပျော်ရွှင်မှုများနှင့် ပြည့်နှက်နေသောရက်တစ်ရက်
ဖြစ်သည်။ထိုအချိန်တွင် လူနေအိမ်ရာ၏
မနီးမဝေးရင်ပြင်ကျယ်တစ်ခုတွင်
ကျောပိုးအိတ်လွယ်ထားသောလည်စီးဖဲပြားနှင့်
အမွှေးပွဝက်ဝံတစ်ကောင်သည်
ချစ်ဖို့ကောင်းလှစွာ ခေါင်းကို
ဘယ်ကြည့်လိုက်ညာကြည့်လိုက်ဖြင့်
ပတ်ဝန်းကျင်ကို စပ်စုနေသည်။လည်ပတ်ကြည်ရှုသူများမှာ သူ့အား
လျင်လျင်မြန်မြန်ပင် သတိပြုမိသွားရာ
တစ်ယောက်ပြီးတစ်ယောက်
လာကြည့်ကြသည်။တက်ကြွသော
ကလေးငယ်တစ်ချို့မှာလည်း
စိတ်လှုပ်ရှားစွာအော်ဟစ်လေသည်။"ဝက်ဝံကြီး ! ဝက်ဝံကြီး !"
သူတို့၏မိဘများလက်ကိုဆွဲကာ
ထိုဝက်ဝံကြီးအား ပွေ့ဖက်ရန်
တာဆူနေကြသည်။သို့သော် သူတို့အနားမရောက်ခင်မှာပဲ
ထိုအမွှေးပွဝက်ဝံသည် ရင်ပြင်ထောင့်စွန်းမှ
ပျံကျဈေးသည်များဆီသို့ပြေးသွားကာ
ဘောလုံးရောင်းနေသောလူအိုကြီးရှေ့တွင်
ရပ်လိုက်သည်။ထို့နောက် တစ်ခုခုပြောလိုက်ကာ
သူ၏ကျောပိုးအိတ်ထဲမှငွေစက္ကူအထပ်လိုက်ကို
ထုတ်ပြီး ထိုလူလက်ထဲ ကတိုက်ကရိုက်
ထိုးပေးလိုက်သည်။လူအိုကြီးမှာရင်မှာခံစားသွားရသော အမူအရာဖြင့်
ဝက်ဝံကြီးအား ဦးညွတ်ကျေးဇူးတင်ပြီး
ဘောလုံးများချိတ်ဆွဲထားသော သုံးဘီးစက်ဘီးကို
ထားခဲ့ကာ ပလတ်စတစ်ခွေးခြေခုံနှင့်
ပိုက်ဆံသေတ္တာကိုကိုင်ကာ ထွက်သွားတော့သည်။ထို့နောက်တွင် အမွှေးပွဝက်ဝံမှာ
သူ၏ကျောပိုးအိတ်ကို အနောက်မှ
ပစ္စည်းထည့်စင်ထဲထည့်ကာ စက်ဘီးပေါ်
တက်လိုက်ပြီး လမ်းဘေးဈေးဆိုင်များတစ်လျှောက်
ကျွမ်းကျွမ်းကျင်ကျင်စီးနှင်းသွားတော့သည်။
YOU ARE READING
သေခြင်းတရား ယူနစ်ဘား [ဘာသာပြန်]
ActionTitle: Death Progress Bar "生存进度条" Author: Can't Play Chess(不会下棋 ) ရဲဝန်ထမ်းတစ်ဦးဖြစ်သည့်ရှီကျင်းသည် သူခိုးနောက်သို့လိုက်ရင်း ကုန်တင်ကားတိုက်မိကာ... သူဖတ်နေသော ဝတ္ထုကအဓိကဇာတ်ကောင်ရှီကျင်းဆီသို့ ဝိညာဉ်ကူးပြောင်းသွားခဲ့တော့သည်။ ********** ရဲဝန်ထမ်းတစ်ဦ...