[Zawgyi]
ဖြစ်လေတယ်။
ရင်ဆိုင်ရလေသည်။ သူ့အဖေက
Author: Can’t Play Chess
(不会下棋 )
Chapter :167 chapters==========================
[Unicode]
တစ်နေ့သောအခါမှာ ရှီကျင်းဆိုတဲ့
ရဲသားလေးတစ်ယောက်ဟာ ဝတ္ထုတစ်ပုဒ်ကို
ဖတ်မိလိုက်တယ်။ထိုဝတ္ထုဟာ စာဖတ်သူတွေကို
အင်မတန်စိတ်ကျေနပ်စေတဲ့ လက်စားချေသော
ဇာတ်အိမ်မျိုးဖြစ်လေတယ်။ထိုဝတ္ထုရဲ့အဓိကဇာတ်ကောင်မှာ
ရှီကျင်း(Shi Jin)လို့ပဲအမည်ရပြီး မိသားစု၏
ခြောက်ယောက်မြောက်သား ဖြစ်ကာ အနာဂတ်တွင်
ဖခင်ကဲ့သို့ကြီးမားလှသော မောင်းမဆောင်ကြီးအား
ပိုင်ဆိုင်မည့်အဓိကဇာတ်ဆောင်ကြီး
ဖြစ်လေတယ်။
ဖခင်သက်ရှိထင်ရှားရှိစဉ်မှာတော့ အရာအားလုံးက
အဆင်ပြေချောမွေ့နေခဲ့သော်လည်း
မိသားစုခေါင်းဆောင်ဖြစ်တဲ့ ဖခင်သေဆုံးပြီးနောက်
မှာတော့ အရာရာကထင်သလို မဖြစ်နိုင်ခဲ့လေဘူး။
ရှီကျင်းရဲ့ဖအေတူမအေကွဲအစ်ကိုတွေဟာ
ရှီကျင်းအား လူမဆန်စွာ အသက်သေသည်အထိ
ညှင်းပန်းနှိပ်စက်ခဲ့ကြတယ်။
ထို့နောက်တွင်တော့ ဇာတ်လိုက်ဟာ
ပြန်လည်မွေးဖွားလာခဲ့လေတယ်။
ဇာတ်လိုက်ဟာလက်စားချေမယ်ဟု
ဆုံးဖြတ်ချက်ချခဲ့ပြီးနောက်.....ပြီးနောက်တွင်....
၀တ္ထုဟာ ရပ်ဆိုင်းသွားလေခဲ့သတည်း။
စာဖတ်သူရှီကျင်းမှာ ထိုသတင်းကြားစဉ်က
သွေးတစ်လုတ်ပင်အန်မိဆဲဆဲဖြစ်ခဲ့ကာ
ထိုဝတ္ထုစာအုပ်အား စက္ကူဖြတ်စက်ထဲ ထည့်ပြီး
ဖျက်ဆီးပစ်လိုက်တော့သည်။
ဒီလိုနဲ့ နောက်တစ်နေ့မှာပဲ ရှီကျင်းဟာ
ကားအက်ဆီးဒင့်ဖြစ်ကာ သေဆုံးခဲ့ရသည်။
ရုတ်တရက်ဆိုသလိုပဲ ဘာကြောင့်ရယ်မှန်းမသိ
သူဟာ ဆယ်ကျော်သက်အရွယ် ရှီကျင်းလို့ခေါ်တဲ့
လူငယ်လေးဆီကို ဝိညာဉ်ကူးပြောင်းခံရခဲ့သည်။ထိုအခါမှတော့ ပြဿနာတစ်ခုကို
ရင်ဆိုင်ရလေသည်။ သူ့အဖေက
သေဆုံးပြီးကာစအချိန်ဖြစ်ပြီး
သူ့အစ်ကိုတွေဟာသူ့အားနှိပ်စက်ဖို့
တာဆူနေပြီလေ!ရှီကျင်း : ငါရဲ့မုန်းလှစွာသောအစ်ကိုတော်များကို
ရှင်းပစ်ကြရအောင်...ငါ့ရည်မှန်းချက်က
ဒီဘဝလေးကို မထိခိုက်အောင် ထိန်းသိမ်းဖို့ပဲ ! ! !Title : Death Progress Bar
Author: Can’t Play Chess
(不会下棋 )
Chapter :167 chapters
ESTÁS LEYENDO
သေခြင်းတရား ယူနစ်ဘား [ဘာသာပြန်]
AcciónTitle: Death Progress Bar "生存进度条" Author: Can't Play Chess(不会下棋 ) ရဲဝန်ထမ်းတစ်ဦးဖြစ်သည့်ရှီကျင်းသည် သူခိုးနောက်သို့လိုက်ရင်း ကုန်တင်ကားတိုက်မိကာ... သူဖတ်နေသော ဝတ္ထုကအဓိကဇာတ်ကောင်ရှီကျင်းဆီသို့ ဝိညာဉ်ကူးပြောင်းသွားခဲ့တော့သည်။ ********** ရဲဝန္ထမ္းတစ္ဦ...