|၃|

8K 1.3K 23
                                    


အခန်း(၃) Darling 'ဒါလင်​'

ရှီကျင်းကဲ့သို့ အသက်​တစ်​ဆယ့်​ရှစ်​နှစ်​ပင်
မပြည့်​​သေး​သော အထက်​တန်း​ကျောင်းသား
တစ်​​ယောက်​အတွက်​အလုပ်​ရှာရခြင်းသည်
ထင်​သ​လောက်​ မလွယ်​ကူနိုင်​​ပေ။
ဒီလိုဝက်​လိုခန္ဓာကိုယ်​နှင့်​ အုတ်​ခဲများ
သယ်​ရန်​မှာလည်း တကယ်​စိတ်​ရှုပ်​စရာ
ကောင်း​ပေမည်​။

ဒါ​ကြောင့်​ သူလုပ်​နိုင်​မဲ့အရာက
မာ​ကျောက်​ကစားခြင်းသာဖြစ်​သည်​။
မာ​ကျောက်​ခန်းမမှာရှိတဲ့ အ​ဒေါ်ကြီး
ဦး​လေးကြီး​တွေက အမှန်​တကယ်
ပွင့်​လင်း​သောသူများဖြစ်​ကြသဖြင့်
စကား​ပြောရတာအဆင်​​ပြေ​ပေသည်​။
ထို့​ကြောင့်​ရှီကျင်းသည်​ ထိုသို့​နေရာမျိုးမှာ
နေရတာသ​ဘောကျခြင်းဖြစ်​သည်​။

"Self-Pick (自摸), Chicken Hand
(胡了)!"

ရှီကျင်းသည်​ အ​ကြောက်​အလန့်​မရှိစွာ
သူ၏လက်​ကို ဖြန့်​ကျက်​ကာ အနိုင်​ရရှိ​သော
တိုကင်​ပြားများကို စုယူလိုက်​ပြီး သူ၏
သုန်​မှုန်​​နေ​သော ပြိုင်​ဘက်​ကစားသမားများကို
ပြုံးပြလိုက်​သည်​။

"လူကြီးမင်းများအားလုံးကို ​ကျေးဇူးတင်​ပါတယ်​။
ခင်​ဗျားလိုအပ်​ရင်​ ကျွန်​​တော့်​ကို
အချိန်​မ​ရွေး​ခေါ်နိုင်​ပါတယ်​ ကျွန်​​တော်​ဒီမှာ
၆နာရီထိရှိ​နေမှာပါ"

ရှီကျင်းသည်​ သူ၏​နောက်​တွင်​ရပ်​​နေ​သော
လူကြီးအားကြည့်​လိုက်​ပြီး အပြုံးကို
ပို​ပေါ်လွင်​​စေကာ

"ဦး​လေးဟွမ်​ ခင်​ဗျားအတွက်​ ပိုက်​ဆံတစ်​ချို့
ရှာ​ပေးလိုက်​ပြီ"

ရှီကျင်း၏ "Chicken Hand"
ကစားကွက်​အားမြင်​ခဲ့​သော ဦး​လေးဟွမ်​၏
မျက်​နှာမှာ အပြုံးပြန်​လည်​ဖြစ်​​ပေါ်လာပြီး
ရှီကျင်း၏ ပုခုံးအား ပုတ်​ကာ ချီးကျူးလိုက်​သည်​။

"မင်းက ပြိုင်​ဖက်​ကင်းကစားသမား
ဝင်​စားတာများလား မင်းကအားလုံးကို
နိုင်​​အောင်​​ဆော့ခဲ့​တော့။ရော့ ဒါက
မင်းဒီ​နေ့ကြိုးစားမှုအတွက်​"

ဦး​လေးဟွမ်​သည်​ ​ပြောရင်းနဲ့ ရှီကျင်း
အနိုင်​ရရှိခဲ့​သောပိုက်​ဆံအားလုံးအပြင်​ 
ငွေစက္ကူအနီနှစ်​ရွက်​ကိုပါ ရှီကျင်းလက်​ထဲ
ထိုးထည့်​​ပေးလိုက်​သည်​။

 သေခြင်းတရား ယူနစ်ဘား [ဘာသာပြန်]Where stories live. Discover now