|၆|

6.7K 1.1K 16
                                    

အခန်း(၆)​နေထိုင်​ခြင်း

နောက်​တစ်​​နေ့မှာ​တော့ ဆရာဝန်
တစ်​​ယောက်​သည်​ ပင်​မအိမ်​​တော်​ဆီသို့
အ​ပြေးအလွှား​ရောက်​ရှိလာသည်​။
ပင်​မအိမ်​​တော်​နှင့်​ဧည့်​သည်​နား​နေ​ဆောင်​အား
တံတိုင်းငယ်​တစ်​ခုဖြင့်​ ခြားနားထားခြင်းဖြစ်​သည်​။
အ​ကြောင်းအရင်းက​တော့
ကျန်းမာ​ရေးချို့တဲ့​သောလျန်​ကျွင်းသည်
ညစာအား အလွန်​အကျူးစားမိ၍
အစာမ​ကြေဖြစ်​သည်​ဟု ဆို​ပေသည်​။

ရှီကျင်းသည်​ တံခါး​ပေါက်​နားမှ 
ချောင်းကြည့်​ကာ တိုးတိုး​ပြောသည်​။

"အဲ့ဒီ"Yummy"ဆိုတဲ့buffက အချိန်
ဘယ်​​လောက်​ကြာမှာလဲ"

ရှောင်​စစ်​၏အသံမှာ အားနည်းလျက်
<ငါမသိဘူး>

"မင်းက ဘယ်​လိုလုပ်​မသိရမှာလဲ"
ရှီကျင်း မယုံကြည်​နိုင်​​ပေ။

ရှောင်​စစ်​သည်​ တဖြည်းဖြည်းကိုးရိုးကားယား
နိုင်​လာသလို ခံစားရသည်​။
<ဘာလို့လဲဆို​တော့ ဒီbuffကို ငါတစ်​ခါမှ
မသုံးဖူးဘူး။ပြီး​တော့ လူတစ်​ဦးနဲ့တစ်​ဦး
ကြာချိန်​က တူမှာ မဟုတ်​ဘူး>

"..."
ရှီကျင်းလည်း ​ရွေးချယ်​စရာမရှိ၍ 
မေးခွန်း​ပြောင်းလိုက်​သည်​။
"ဒါဆို သူရဲ့​အကြာဆုံးဖြစ်​နိုင်​​ချေက
ဘယ်​​လောက်​ကြာမလဲ"

<အင်း...တစ်​နှစ်​​လောက်​?>
ရှောင်​စစ်​သည်​ မ​သေချာမ​ရေရာစွာ​ပြောသည်​။

ရှီကျင်း၏မျက်​နှာမှာ အမူအရာမဲ့သွားသည်​။
"...မင်းက တကယ်​ကို..သြကျ​လောက်​ပါတယ်​"

ရှောင်​စစ်​သည်​ ရှက်​​သွေးဖြာသွားကာ
<ကျင်းကျင်းက ကြင်​နာလွန်းတာပါ။ဒါက
ကျွမ်းကျင်​မှုအနိမ့်​စား​လေးပဲရှိ​သေးတာ..>

"...."

ပင်​မအိမ်​​တော်​အတွင်းရှိ ရုတ်​ရုတ်​သဲသဲ
ဖြစ်​မှုများသည်​ မနက်​အ​စောပိုင်းအချိန်​များအထိ
ငြိမ်​သက်​ခြင်းမရှိ​သေး​ပေ။ရှီကျင်း၏
စိတ်​အတွင်းရှိ လျန်​ကျင်းပိုင်​ဆိုင်​​သော
ယူနစ်​ဘားသည်​ အမှတ်​၆၂၀တွင်
ရပ်​တန့်​သွားမှ ရှီကျင်း စိတ်​ပင်​ပန်းစွာ
သက်​ပြင်းချမိသည်​။

 သေခြင်းတရား ယူနစ်ဘား [ဘာသာပြန်]Where stories live. Discover now