အခန်း(၂၉)အိပ်မက်
ရုန်ကျိုးကျုံးသည် ချန်ချင်ကို ရှီဝေချုံးနှင့်
ကြားညှပ်ပြီး ရှန့်အာ့ထင်အနီးထိုင်ချလိုက်သည်။
ထို့ကြောင့် လျန်ကျွင်းနှင့်သူငယ်ချင်းဟောင်း၏
နေ့လည်စာ စားသုံးမည့်ပုံရိပ်မှာ
လုံးလုံးပြိုပျက်သွားတော့သည်။ရှီကျင်းလည်း လျန်ကျွင်း အနည်းနှင့်အများ
လုံခြုံသွားပြီကို စိတ်ချရသောကြောင့်
ရန်စသည်ကို ရပ်ဆဲရန် ဆုံးဖြတ်လိုက်သည်။
ရှန့်အာ့ထင်၏ကုတ်အင်္ကျီကို ပြန်ပေးလိုက်ပြီး
သူ့အစ်ကိုများအတွက် ပန်းကန်ဇွန်းခွက်များ
သွားယူပေးဟန်အကြောင်းပြချက်နှင့်
အတွင်းခန်းမှထွက်လာကာ Gua Erကို
လိုက်ရှာသည်။Gua Erသည် အပြင်ဘက်အခန်းရှိ
စားပွဲဝိုင်းတွင်မှီတွယ်လျက်ရှိသည်။ရှီကျင်း၏
လေးနက်သောအမူအရာကိုမြင်သောအခါ
မျက်ခုံးပင့်လျက်မေးလိုက်သည်။"ဘာဖြစ်တာလဲ ? မင်းအစ်ကိုတွေရဲ့
အနိုင့်ကျင့်တာ ခံခဲ့ရလို့လား ? ""မဟုတ်ဘူး"
ရှီကျင်းသည် သူ့အနားသို့တိုးကပ်လာပြီး
အသံကိုနှိမ့်ချကာ"ကျွန်တော့်အစ်ကိုကို သွားကြိုတော့
ဘေးခန်းတွေမှာ လူတွေရှိနေတာ သတိထားမိတယ်။
စားပွဲထိုးကပြောတော့ ဒုတိယထပ်နဲ့တတိယထပ်မှာ
ဒီနေ့လူမရှိဘူးတဲ့၊ ဒါထူးဆန်းနေတယ်လို့
ကျွန်တော်ထင်တယ်. . .ကျွန်တော်တို့
ပိုဂရုစိုက်တာကောင်းမယ် "Gua Er၏မျက်လုံးများမှာ ဝင်းလက်သွားပြီး
"အခန်းတွေက သေချာပေါက်
အလွတ်ဖြစ်သင့်တာ..။မစ္စတာချန်ပြောတာတော့
ကျွင်းရှောက်ရဲ့သူမတူတဲ့အထောက်အထား
အခြေအနေကြောင့် ဒီနှစ်လွှာလုံးကို
ဘိုကင်တင်ထားတယ်တဲ့။
ဘယ်အခန်းမှာ လူမြင်ခဲ့တာလဲ ? သူတို့ကို
ဘယ်လိုတွေ့သွားတာလဲ ? "
YOU ARE READING
သေခြင်းတရား ယူနစ်ဘား [ဘာသာပြန်]
ActionTitle: Death Progress Bar "生存进度条" Author: Can't Play Chess(不会下棋 ) ရဲဝန်ထမ်းတစ်ဦးဖြစ်သည့်ရှီကျင်းသည် သူခိုးနောက်သို့လိုက်ရင်း ကုန်တင်ကားတိုက်မိကာ... သူဖတ်နေသော ဝတ္ထုကအဓိကဇာတ်ကောင်ရှီကျင်းဆီသို့ ဝိညာဉ်ကူးပြောင်းသွားခဲ့တော့သည်။ ********** ရဲဝန်ထမ်းတစ်ဦ...