အခန်း(၁၁) ရာထူးတိုးခြင်း
ရှီကျင်းသည် စိတ်မသက်မသာဖြစ်လွန်း၍
ကားအတွင်းမှ အငွေ့ပျံပျောက်သွားချင်စိတ်ပင်
ဖြစ်နေသည်။ရှောင်စစ်မှာ ရှီကျင်း ရှက်စိတ်ဖြင့်
စိတ်မပျော်မရွှင်ဖြစ်နေသည်ကို လုံးလုံးမရိပ်မိကာ
ဝင့်ကြွားစွာဆိုလေသည်။
<ကျင်းကျင်း မရှက်ပါနဲ့ မနေ့က ကျင်းကျင်း
အကောင်းဆုံးလုပ်ခဲ့တာပဲ။အားလုံးက
သေချာပေါက် ချီးကျူးမှာပါ!>ရှီကျင်းမှ တိုးတိုးတီးတီးပြောသည်။
"ရှောင်စစ် မင်းသိရဲ့လား။
ငါ ရဲသင်တန်းကျောင်းမတက်ခင်က
အားကစားမှာလုံးဝမထူးချွန်တဲ့
လူမှုဆက်ဆံရေးညံ့ဖျင်းတဲ့
အပေအတေတစ်ယောက် ဖြစ်ခဲ့တာ"ရှောင်စစ်သည် ရှီကျင်းဘာကြောင့်
ဒါကိုပြောနေမှန်း နားမလည်ပေ။
<အဲ့တော့?>"ဒါကြောင့် မနေ့ညက ငါသုံးခဲ့တဲ့
အကွက်တွေကရဲသင်တန်းကျောင်းက
လေ့လာသင်ယူခဲ့တာတွေ အထူးသဖြင့်
အဲ့အကွက်တွေက တရားဝင်ရဲအရာရှိတွေကိုပဲ
သင်ပေးတဲ့ အဆင့်မြင့်တဲ့တိုက်ကွက်နည်းတွေလေ"ရှီကျင်းသည် မနှစ်မြို့စရာမျက်ဝန်းများဖြင့်
စာရှင်းပြမည့်ဆရာတစ်ယောက်လို ရှိနေသော
Gua Yiအားကြည့်ရင်း ရှင်းပြသည်။"ပြီးတော့ ဒီဘဝက သခင်လေးရှီကျင်းက
မကြာခင်ကမှ ဝိတ်ကျသွားအောင်လုပ်နိုင်ထားတဲ့
အလိုလိုက်ခံထားရတဲ့ ဖက်တီးပုတ်လေးလေ"ရှောင်စစ်: <…>
ရှီကျင်းသည် လေးလံစွာ သက်ပြင်းချသည်။
"ဒါကိုသေသေချာချာ စဉ်းစားကြည့်တာနဲ့
မနေ့ကဖြစ်ခဲ့တဲ့ စစ်ဆင်ရေးဗီဒီယိုကိုကြည့်
ပြီးရင် ဒီမှာထိုင်နေတဲ့ လူတော်တွေက ငါ့ကို
ချီးကျူးမလား သတ်ပစ်မလား။
မင်းဘယ်လိုထင်လဲ"
YOU ARE READING
သေခြင်းတရား ယူနစ်ဘား [ဘာသာပြန်]
ActionTitle: Death Progress Bar "生存进度条" Author: Can't Play Chess(不会下棋 ) ရဲဝန်ထမ်းတစ်ဦးဖြစ်သည့်ရှီကျင်းသည် သူခိုးနောက်သို့လိုက်ရင်း ကုန်တင်ကားတိုက်မိကာ... သူဖတ်နေသော ဝတ္ထုကအဓိကဇာတ်ကောင်ရှီကျင်းဆီသို့ ဝိညာဉ်ကူးပြောင်းသွားခဲ့တော့သည်။ ********** ရဲဝန်ထမ်းတစ်ဦ...