အခန်း(၄၀)Crescent Bay Island/
လခြမ်းသဏ္ဍာန်ကျွန်းရှီကျင်းသည် ညဂျူတီစောင့်နေသော
ဝန်ထမ်းကို နှုတ်ဆက်ပြီး အငွေ့တထောင်းထောင်း
ထနေသော တစ်ခါသုံးဘူးလေးကို
ကိုင်ကာအပြင်ထွက်လာသည်။
အပေါက်ဝတွင်ထိုးရပ်ထားသော
မကြည့်ဘဲနှင့်တောင် ထင်းထွက်နေသည့်း
စစ်တပ်သုံးဂျစ်ကားဆီ ဦးတည်သွားသည်။ရှန့်အာ့ထင်သည် ကားပေါ်မှဆင်းကာ
ရှီကျင်းအလာကို စောင့်နေသည်။ရှီကျင်းသည် အစ်ကိုနှင့်
ခြေနှစ်လှမ်းအကွာတွင်ရပ်လိုက်ပြီး
ဖက်ထုတ်ဘူးကို ကမ်းပေးသည်။"ရော့...စားလိုက်ဦး၊ ညစာအဆာပြေစားချိန်
ဆိုတော့ အတော်ပဲ...အစောပိုင်းတည်းက
လုပ်ထားတာမို့ ပြန်နွေးလာတယ်။
အရသာမကောင်းတော့လောက်ပေမဲ့
စားလို့ရသေးပါတယ်"ရှန့်အာ့ထင် တောင့်ခဲသွားရသည်။
ရှီကျင်းလက်ထဲမှ စက္ကူဘူးဆီအကြည့်
ရောက်သွားပြီးတစ်အောင့်မျှတုံ့ဆိုင်းပြီးမှ
လှမ်းယူကာကားအမိုးပေါ်တင်လိုက်သည်။
သူသည် တစ်ခါသုံးတူကို ခွာရင်းပြောသည်။"မင်းဖက်ထုပ်လုပ်တတ်မယ်လို့
ငါမထင်ထားဘူး""လုပ်ရတာ အဲ့လောက်မခက်ပါဘူး"
ရှီကျင်းသည် လက်များကို အိတ်ကပ်ထဲ
ထည့်ကာ သူ့အစ်ကိုအားကြည့်နေသည်။
ရှန့်အာ့ထင် ဘူးအဖုံးကိုဖွင့်လိုက်သည်နှင့်
သူသည် လက်ဆန့်ကာ ဖက်ထုပ်ကိုယူပြီး
သူ့အစ်ကိုပါးစပ်နား တေ့ပေးလျက်
မနေနိုင်စွာ မေးသည်။"ကျွန်တော် ဝမ်းနုတ်ဆေးထည့်ထားမှာ
ကြောက်လို့လား?"ရှန့်အာ့ထင်သည် ပါးစပ်ဟကာ
ရှီကျင်းကျွေးသည်ကို စားလိုက်ပြီး
"အဲ့လိုလုပ်ချင်လို့လား?""ဒါပေါ့"
ရှီကျင်း ပြောသည်။"အစ်ကို့ကိုကြောက်ဖို့ကောင်းတယ်လို့
ကျွန်တော်တွေးဖူးတယ်..ဖုန်းဆက်တိုင်းလည်း
ကျွန်တော်ကဝလို့ လေ့ကျင့်ခန်းလုပ်ဖို့
ပြောတဲ့အချိန်ဆိုကျွန်တော်စိတ်တိုခဲ့တယ်...
အဲ့တာကြောင့်အစ်ကိုလာရင် စနောက်ဖို့
အမျိုးမျိုးပြင်ဆင်ခဲ့ပေမဲ့ တစ်ခါမှမလာခဲ့လို့
အဲ့တာတွေတစ်ခုမှသုံးဖို့အခွင့်အရေးမရခဲ့ဘူးလေ"
YOU ARE READING
သေခြင်းတရား ယူနစ်ဘား [ဘာသာပြန်]
ActionTitle: Death Progress Bar "生存进度条" Author: Can't Play Chess(不会下棋 ) ရဲဝန်ထမ်းတစ်ဦးဖြစ်သည့်ရှီကျင်းသည် သူခိုးနောက်သို့လိုက်ရင်း ကုန်တင်ကားတိုက်မိကာ... သူဖတ်နေသော ဝတ္ထုကအဓိကဇာတ်ကောင်ရှီကျင်းဆီသို့ ဝိညာဉ်ကူးပြောင်းသွားခဲ့တော့သည်။ ********** ရဲဝန်ထမ်းတစ်ဦ...