အခန်း(၃၇)ချိုမြန်နွေးထွေးသော
ခြုံစောင်ကလေး / ရင်အုပ်မကွာBမြို့တွင်ရှိနေသောလျန်ကျွင်းသည်
မည်သူကတရားခံဆိုသည်ကို
ကြိမ်းသေရှာဖွေတွေ့ရှိထားပြီဖြစ်ပြီး
ရှီဝေချုံး၏ဖုန်းခေါ်ဆိုမှုက
လီကျိုးကျန့်တည်နေရာကို အတိအကျ
ဖော်ထုတ်နိုင်ခဲ့သည်။Gua Jiuသည် စာရိုက်နေသည်ကို
ရပ်တန့်ကာပြောသည်။"ပစ်မှတ်ရဲ့ဖုန်းတည်နေရာက Lမြို့အနီးက
ဟိုင်းဝေးလမ်းမပေါ်မှာပါ။
လျင်လျင်မြန်မြန်ကိုရွေ့လျားနေပါတယ်...
ပစ်မှတ်က ဖုန်းချပြီးတာနဲ့
စက်ပိတ်လိုက်တာမို့ ဆက်ခြေရာခံလို့
မရတော့ပါဘူး"ရှီဝေချုံးသည် ဆိုဖာပေါ်စိတ်ပျက်လက်ပျက်
ထိုင်ချကာ မျက်နှာကို လက်ဖဝါးဖြင့်
ပွတ်သုတ်လိုက်သည်။ နားလည်မှုလွဲတာ
ဖြစ်မှာပါဟူသော သူ၏လက်ကျန်
မျှော်လင့်ချက်လေးမှာ ကွယ်ပျောက်သွားခဲ့လေသည်။လီကျိုးကျန့်သည် ချန်ဒူမှာပဲရှိကာ
ဘယ်မှမသွားကြောင်း အခိုင်အမာပြောခဲ့သည်။
ထို့အပြင် မနေ့ညက ရှီကျင်းဆီမှ
ဖုန်းလက်ခံရရှိပင်မဲ့
ဘာစကားမှမပြောခဲ့ကြောင်းလည်း ဆိုသည်။
သို့သော်ငြား လျန်ကျွင်း၏နောက်လိုက်ဆိုပုံအရ
လီကျိုးကျန့်မှာ Bမြို့နှင့်မနီးမဝေးတွင်
တည်ရှိနေပြီး ဦးတည်ရာကို
ခန့်မှန်းလိုက်လျှင် Bမြို့မှထွက်ခွာကာ
Lမြို့သို့ သွားနေသည်။
လီကျိုးကျန့် ဖုန်းထဲပြောသည်နှင့်
လုံးလုံးလျားလျားကို မတူညီပေ။ထို့အပြင် မနေ့ညတွင် ရှီကျင်းနောက်ဆုံး
ခေါ်ဆိုခဲ့သောဖုန်းအဝင်၏အသံဖိုင်ကိုလည်း
လျန်ကျွင်းရရှိပြီးဖြစ်သည်။ဤသည်မှာ
လူငယ်လေးသည်ဖုန်းဝင်သွားသည်နှင့်
စကားပြောရုံတင်မကပဲ သူ၏တည်နေရာကို
အချက်ကျကျတင်ပြပြီး အကူအညီတောင်းခဲ့ကြောင်း
သက်သေပြနေသည်။
YOU ARE READING
သေခြင်းတရား ယူနစ်ဘား [ဘာသာပြန်]
ActionTitle: Death Progress Bar "生存进度条" Author: Can't Play Chess(不会下棋 ) ရဲဝန်ထမ်းတစ်ဦးဖြစ်သည့်ရှီကျင်းသည် သူခိုးနောက်သို့လိုက်ရင်း ကုန်တင်ကားတိုက်မိကာ... သူဖတ်နေသော ဝတ္ထုကအဓိကဇာတ်ကောင်ရှီကျင်းဆီသို့ ဝိညာဉ်ကူးပြောင်းသွားခဲ့တော့သည်။ ********** ရဲဝန်ထမ်းတစ်ဦ...