အခန်း(၃၀)ဖျားနာခြင်း
စိတ်အေးရစေဖို့အလို့ငှါ ရှီကျင်းသည်
လျန်ကျွင်းအမှန်တကယ် စိတ်ဆိုးနေသလားကို
ဆုံးဖြတ်ရန် ခိုးကြောင်ခိုးဝှက် စူးစမ်းဖို့
ကြံစည်ထားသော်လည်း လျန်ကျွင်းမှ
ထိုအခွင့်အလမ်းအား မပေးချေ။လက်ကို
ပတ်တီးစည်းထားပြီးနောက် အနားယူရမည်ကို
မယူဘဲ ယောင်လည်လည်လုပ်နေသည်ကိုြ
မင်သောအခါ လျန်ကျွင်းသည် ရှီကျင်း၏
အင်္ကျီကိုဆုပ်ကိုင်လျက် တရွတ်တိုက်ဆွဲသွားကာ
သူ့အခန်းအပြင်ဘက်သို့ကန်ထုတ်ပြီး
တံခါးပိတ်လိုက်တော့သည်။"ငါ့ကိုဘာလို့ မောင်းထုတ်ပစ်ရတာလဲ ?
သူအနားယူနေတာကို နှောင့်ယှက်နေတာလည်း
မဟုတ်ဘဲ. . . "ရှီကျင်းမှာ လက်လျော့ရန် စိတ်မရှိစွာ
ချဉ်တင်တင်ပြောသည်။
"သူတစ်ရေးအိပ်နေချိန်ဆို Gua Jiuက
အပြင်ဘက်ခန်းက ဆိုဖာမှာ နေခွင့်ရှိပြီးတော့ "ရှောင်စစ်မှ အမှန်တရားကို တည့်ပြောလိုက်သည်။
<ကျင်းကျင်းက အခုအရမ်းညစ်ပတ်နေတာကြောင့်
ထင်တယ်>ရှီကျင်းသည် ကိုယ့်ကိုယ်ကို ပြန်ကြည့်ကာ
"မညစ်ပတ်ပါဘူး ! ဒီမနက်ကတင်
အဝတ်အသစ်လဲထားတာလေ ! "<အင်း...ဒါပေမဲ့ ရက်အတော်ကြာ
ရေမချိုးရသေးဘူးမလား ၊ ပြီးတော့
ခေါင်းလည်းမလျှော်ထားဘူး...>
ရှောင်စစ်မှ အားမနာတမ်းပြောသည်။ရှီကျင်း၏အမူအရာမှာ တောင့်တင်းသွားသည်။
မစ်ရှင်စလုပ်စဉ်တည်းက ရေမချိုးရသေးတာ
အမှန်ပင်ဖြစ်သည်။ဤသည်ထက် ထိုအချိန်
အတောအတွင်း အကြိမ်များစွာ မြေကြီးပေါ်
လူးလိမ့်ထားသေးသည်။ထိုသို့တွေးမိမိချင်းပင်
ရုတ်တရက် တစ်ကိုယ်လုံးယားလာသလို
ခံစားလာရသည်။"ငါ့ကို ရှန့်အာ့ထင် ဟိုတယ်ကို
ခေါ်သွားတုန်းက မသန့်စင်ပေးခဲ့ဘူးလား ? "
YOU ARE READING
သေခြင်းတရား ယူနစ်ဘား [ဘာသာပြန်]
ActionTitle: Death Progress Bar "生存进度条" Author: Can't Play Chess(不会下棋 ) ရဲဝန်ထမ်းတစ်ဦးဖြစ်သည့်ရှီကျင်းသည် သူခိုးနောက်သို့လိုက်ရင်း ကုန်တင်ကားတိုက်မိကာ... သူဖတ်နေသော ဝတ္ထုကအဓိကဇာတ်ကောင်ရှီကျင်းဆီသို့ ဝိညာဉ်ကူးပြောင်းသွားခဲ့တော့သည်။ ********** ရဲဝန်ထမ်းတစ်ဦ...