အခန်း(၅၈)ပေါက်ကွဲမှု
မကြာခင်မှာပဲ ရှီဝေချုံးအကြောင်းကို
ရှီကျင်းခေါင်းထဲကထုတ်လိုက်တော့သည်။
သူ့အစ်ကိုချန်ထားခဲ့သောစာရွက်စာတမ်းများကို
ရေဇလုံထဲပစ်ထည့်ကာ စက္ကူစုတ်များအဖြစ်
ပြောင်းလဲလိုက်လေသည်။သုံးရက်ကြာပြီးနောက်မှာ ပူးပေါင်းဆောင်ရွက်မည့်
အမှုဆောင်များရောက်ရှိလာသည်။၎င်းတို့မှာ
အမျိုးသားနှစ်ဦးနှင့်အမျိုးသမီးတစ်ဦးဖြစ်သည်။
အမျိုးသမီးမှာ အသက်ငါးဆယ်ဝန်းကျင်ရှိကာ
ဖော်ရွေကြင်နာသောအန်တီကြီးပုံမျိုးဖြစ်ပြီး
ပျောက်ဆုံးနေသောPhantomအဖွဲ့ဝင်များကို
Old Ghostနှင့်ဖေးယွီကျင့်တို့နဲ့အတူ
ကူရှာပေးရန် စေလွှတ်ခံရခြင်းဖြစ်သည်။
သူမမှာ ဝမ်းပေါင်ကျူး ဟုအမည်ရပြီး
ဂုဏ်သတင်းကျော်ကြားသောရှေ့နေတစ်ဦး
ဖြစ်ပေသည်။သူမနှင့် ဖေးယွီကျင့်တို့နှစ်ဦးသားမှာ
တစ်ယောက်ကိုတစ်ယောက်သိနေသည်မှာ
ထင်ရှားသည်။ အုပ်စုနှစ်စုဆုံသောအခါ
သူမသည် ဖေးယွီကျင့်အား ဦးစွာနှုတ်ဆက်
လိုက်ပြီး နာမည်ကို ပေါ့ပေါ့ပါးပါးလှမ်းခေါ်သည်။
သူမ၏သဘောထားမှာ အရမ်းရင်းနှီးနေခဲ့သည်။ဖေးယွီကျင့်သည်လည်း သူမအပေါ်
ယဉ်ကျေးစွာ လေးစားသမှုအမူအရာဖြင့်
မျက်နှာချင်းဆိုင်လိုက်သည်။ သူသည်
"ဝမ်းလောင်ရှီး"ဟု ရိုသေစွာခေါ်ဝေါ်ပြီး
အခြေအနေနှင့်ပတ်သတ်သမျှကို သူမအား
ကိုယ်တိုင်ကိုယ်ကျရှင်းလင်းပြောပြနေလေသည်။
သူဟာ ဒီထက်ပိုပြီးစဉ်းစားတွေးခေါ်နိုင်စွမ်း
မရှိတော့ပေ။ဤသည်မှာ စုပေါင်းအစည်းအဝေးဖြစ်သဖြင့်
ရှီကျင်းသည်လည်း ထိုနေရာတွင်ရှိနေသည်။
သူသည် ဝမ်းပေါင်ကျူးရှေ့၌ ချိုသာချစ်ခင်ဖွယ်
ကောင်းသောဂျူနီယာလေးလိုသရုပ်ဆောင်နေသော
ဖေးယွီကျင့်၏အပြုအမူများကိုကြည့်ရင်း
'မင်းတို့အားလုံး ဒိုးလိုက်တော့...ငါ့အတွက်
ဘာကအကျိုးရှိနိုင်သလဲဆိုတာကိုပဲ ဂရုစိုက်တယ်'
ဆိုသည့် ထိုသူ၏ထုံးစံသဘောထားကို
တွေးမိကာ တသိမ့်သိမ့်တုန်ယင်စွာ
လက်မောင်းတစ်လျှောက် ကြက်သီးထသလို
ပွတ်သပ်နေမိသည်။
YOU ARE READING
သေခြင်းတရား ယူနစ်ဘား [ဘာသာပြန်]
ActionTitle: Death Progress Bar "生存进度条" Author: Can't Play Chess(不会下棋 ) ရဲဝန်ထမ်းတစ်ဦးဖြစ်သည့်ရှီကျင်းသည် သူခိုးနောက်သို့လိုက်ရင်း ကုန်တင်ကားတိုက်မိကာ... သူဖတ်နေသော ဝတ္ထုကအဓိကဇာတ်ကောင်ရှီကျင်းဆီသို့ ဝိညာဉ်ကူးပြောင်းသွားခဲ့တော့သည်။ ********** ရဲဝန်ထမ်းတစ်ဦ...