အခန်း(၁) အမွေဆက်ခံခြင်း
ရှီကျင်းဟာ သူ့ မျက်လုံးတွေစတင်ဖွင့်လာတဲ့
အချိန်မှာ သတိထားမိတာက သူဟာ
ချည်သားညအိပ်ဝတ်စုံလေးကိုဝတ်ထားပြီး
နူးနူးညံ့ညံ့အိအိစက်စက်နှင့်ကျယ်ဝန်းသော
သစ်သားကုတင်တစ်ခုပေါ်မှာ လှဲလှောင်း
နေတာကိုပဲဖြစ်တယ်။ ပြီးတော့
သူ့လက်မောင်းတွေကြားထားမှာလည်း
သခွားသီးဖက်လုံးတစ်လုံးကို
ဖက်ထားသေးသည်။ဘာကြီးတုန်း? ဒါကဆေးရုံနဲ့လုံးဝမတူဘူး
ပြီးတော့ ငရဲပြည်နဲ့လည်း လုံးဝမတူပေါင်...ရှီကျင်းသည် တွေဝေစွာ
မျက်တောင်ပုတ်ခတ်ပုတ်ခတ်ဖြင့် သူ့နဖူးသူ
စမ်းရန် လက်ကိုမြှောက်လိုက်သည်။သူ ကုန်တင်ကားနဲ့တိုက်မိသွားတာ
မဟုတ်ဘူးလား...သူ သူခိုးတစ်ယောက်နောက်ကို
နောက်ယောင်ခံလိုက်ရင်း မီးနီကို
ဖြတ်မောင်းလာတဲ့ကုန်တင်ကားနဲ့?
ဟိုက အရှိန်နဲ့မို့ တိုက်မိရင် အသက်ရှင်နိုင်စရာ
အကြောင်းကိုမရှိတာအခုက ဘာတွေဖြစ်နေတာတုန်း?
< သင်ဟာ ပြန်လည်မွေးဖွားလာတာပါ>
တက်တက်ကြွကြွဖြစ်နေသော စက်ရုပ်လို
အသံတစ်ခုက ရုတ်တရက် သူ၏ခေါင်း
အတွင်းမှ ထွက်ပေါ်လာသောကြောင့်
ရှီကျင်းသည် သတိအနေအထားအတိုင်း
ထထိုင်မိသွားသည်။သူလည်း အခန်းတွင်းကို
လှုပ်လှုပ်ရှားရှား ဝေ့ကြည့်ရင်း"ဒါ ဘယ်သူပြောနေတာလဲ!"
<ကျွန်ုပ်လား? သင့်ရဲ့အသက်သခင်
ကျေးဇူးရှင်ရွှေရောင်လက်ချောင်းလေးပါ
ကျွန်ုပ်ကို ရှောင်စစ် လို့ခေါ်ဆိုနိုင်ပါတယ်"" 'သေခြင်းတရားအားရယ်မောခြင်း' ဆိုတဲ့
အဓိပ္ပါယ်ကြီးလား?"< ' သေခြင်းတရားလေး'လို့ အဓိပ္ပါယ်ရတာပါ
ကျွန်ုပ်ရဲ့ တရုတ်စာကျွမ်းကျင်မှုက
တော်တော်အဆင့်မြင့်တယ်လေ..ကျေးဇူး>
YOU ARE READING
သေခြင်းတရား ယူနစ်ဘား [ဘာသာပြန်]
ActionTitle: Death Progress Bar "生存进度条" Author: Can't Play Chess(不会下棋 ) ရဲဝန်ထမ်းတစ်ဦးဖြစ်သည့်ရှီကျင်းသည် သူခိုးနောက်သို့လိုက်ရင်း ကုန်တင်ကားတိုက်မိကာ... သူဖတ်နေသော ဝတ္ထုကအဓိကဇာတ်ကောင်ရှီကျင်းဆီသို့ ဝိညာဉ်ကူးပြောင်းသွားခဲ့တော့သည်။ ********** ရဲဝန်ထမ်းတစ်ဦ...