အခန်း(၇၃)စာမေးပွဲနတ်ဘုရားဝင်ပူးခြင်းထိုညနေခင်းတွင်လျှင် ရှီကျင်းတစ်ယောက် ကောလိပ်ဝင်ခွင့်စာမေးပွဲဖြေဆိုမည့်အကြောင်းကို လူအားလုံးသိရှိသွားကြသည်။
ရှီကျင်း၏မျက်တွင်းဟောက်ပက်ဖြင့်မျက်နှာဖြူစုတ်စုတ်ကိုမြင်လိုက်ရသောအခါ Gua Erသည် ကိုယ်တိုင်ခံစားဖူးသောအတွေ့အကြုံအရ ဖြေသိမ့်ပေးနေ၏။
"မကြောက်နဲ့၊ဒါက နောက်ဆုံးကျတော့ စာမေးပွဲလေးတစ်ခုပါပဲ..ကြောက်စရာဘာရှိလဲ?နှစ်ရက်ထဲပါ၊ မင်းတောင်မသိလိုက်ဘဲ ခဏလေးနဲ့ ပြီးသွားမှာ"ရှီကျင်းသည် ထိုသူအား ငေးကြောင်ကြည့်ရင်း
"ခင်ဗျားဖြေဖူးလား?""ဒါပေါ့" Gua Erပြန်ဖြေသည်။Laptopကို တတောက်တောက်ထိုင်နှိပ်နေသည့်Gua Jiuကို လက်ညှိုးထိုးပြပြီး ဆက်ပြောသည်။
"နိုင်ငံခြားပညာတော်သင်သွားခဲ့တဲ့Gua Jiuကလွဲရင် ကျွင်းရှောက်နဲ့တူတူ ဒီအဖွဲ့အစည်းထဲကြီးပြင်းလာတဲ့ငါတို့အားလုံး ဝင်ခွင့်စာမေးပွဲဖြေခဲဲ့ကြပြီး နိုင်ငံတွင်းတက္ကသိုလ်ဘွဲ့တစ်ခု ရှိကြတယ်လေ"ရှီကျင်း တဖန်ပြန်လည်လန်းဆန်းတက်ကြွလာကာ "တကယ်လား? အထက်တန်းကို တရားဝင်တက်ခဲ့တယ်ပေါ့? သာမန်ဥပဒေဘောင်ထဲနေထိုင်တဲ့နိုင်ငံသားတွေလို တက္ကသိုလ်လေးနှစ်တက်ခဲ့တာလား?"
နောက်ဆုံးမေးခွန်းရဲ့အဖြေကို သူစိတ်ဝင်အစားဆုံးပင်!
"ဒါပေါ့..ကျောင်းသားအဖြစ် စာရင်းမဝင်ဘဲနဲ့ ဘယ်သူမှကောလိပ်ဝင်ခွင့်စာမေးပွဲဖြေမရဘူးလေ၊ကျင်းကျင်းလေး..မင်းသိချင်မဲ့နောက်ထပ်တစ်ခုရှိဦးမယ်: 'Gua Yi' 'Gua Er'ဆိုတာက မြေအောက်လောကမှာရှိတဲ့ငါတို့ရဲ့code nameတွေပဲ။ ငါအပါအဝင်လူတိုင်းမှာ ကိုယ်ပိုင်နာမည်နဲ့ကိုယ်ရေးရာဇဝင်၊ကျောင်းအသင်းဝင်နဲ့ပညာအရည်အချင်း...ဒါတွေအားလုံးက ငါတို့နာမည်အရင်းတွေနဲ့ချိတ်ဆက်ထားရတာလေ။ဒီလောကကနေအပြီးတိုင်ထွက်ပြီးရင် ငါတို့ရဲ့identityအစစ်အမှန်တွေနဲ့ နေထိုင်ရမှာပေါ့"
Gua Erရှင်းပြရင်း ရှီကျင်းကို လက်မောင်းဖြင့်သိုင်းဖက်ကာ ပုခုံးကိပုတ်ပေးလိုက်သည်။
"အဲ့တာကြောင့်မို့ စာမေးပွဲကိုအကောင်းဆုံးဖြေ၊ဒါကမင်းအနာဂတ်ပဲ—ကျွင်းရှောက်က မင်းကောင်းဖို့အတွက်ပဲလုပ်နေတာ၊လက်ရှိအနေအထားအရဆို မင်းတက္ကသိုလ်ဝင်ပြီးရင် နှစ်စလောက်ပဲကျောင်းကို အယောင်ပြသွားရမှာ ပြီးတဲ့အခါကျ နှစ်ကုန်စာမေးပွဲဖြေတဲ့အချိန်ပဲသွားရတော့မှာ။ ငါတို့လည်း အဲ့လိုလုပ်ခဲ့တာပဲမို့၊အချိန်ရှိတဲ့အခါ အဖွဲ့အစည်းထဲကဆရာတွေဆီ အတန်းတက်တယ်၊ကျောင်းကိုနေ့တိုင်းသွားစရာမလိုဘူး၊ မင်းရဲ့လက်ရှိအခြေအနေနဲ့မထူးမခြားပါပဲ လွတ်လပ်တယ်...အဲ့တာကြောင့် ကျွင်းရှောက်အနားမနေရတော့မှာကို ပူမနေနဲ့"
YOU ARE READING
သေခြင်းတရား ယူနစ်ဘား [ဘာသာပြန်]
ActionTitle: Death Progress Bar "生存进度条" Author: Can't Play Chess(不会下棋 ) ရဲဝန်ထမ်းတစ်ဦးဖြစ်သည့်ရှီကျင်းသည် သူခိုးနောက်သို့လိုက်ရင်း ကုန်တင်ကားတိုက်မိကာ... သူဖတ်နေသော ဝတ္ထုကအဓိကဇာတ်ကောင်ရှီကျင်းဆီသို့ ဝိညာဉ်ကူးပြောင်းသွားခဲ့တော့သည်။ ********** ရဲဝန္ထမ္းတစ္ဦ...