|၇၁|

1.4K 291 22
                                    

အခန်း(၇၁)အနားယူချိန်!

ဦးလေးလုံစကားကြောင့် ရှီကျင်းနာနာခံခံပါးစပ်ပိတ်သွားသော်ငြား မေ့ဆေးထိုးရမည်မှာ မလွဲဧကန်ပင်။ပုခုံးရှိဒဏ်ရာသည် အလွန်နက်ပြီး မဖြစ်မနေချုပ်ဖို့လိုအပ်သည်။

"တကယ်ကို အဲ့လောက်ထိမလိုပါဘူးဆို..ကျွန်တော်ဒီတိုင်းအံကြိတ်ပြီးသည်းခံနိုင်တယ်"
ရှီကျင်းသည် နိုးကြားနေဖို့အရေး တိုက်တွန်းလာသည်။

တောင်းဆိုချက်များကို စာနာစိတ်မရှိသောဦးလေးလုံကတော့ သွေးတိတ်အောင်လုပ်ပြီးသည်နှင့် အနီးစပ်ဆုံးလူနာဆောင်ကိုရှာပြီး ဆေးနှင့်ကိရိယာပစ္စည်းများစတင်ပြင်ဆင်တော့သည်။

ရှီကျင်း သတိကပ်သွားကာ ပူဆာလေသည်။
"အနည်းဆုံးတော့ လျန်ကျွင်းကိုဖုန်းခေါ်ခွင့်ပေးပါနော် သူ့မျက်လုံးနဲ့ကျွန်တော်ဘေးကင်းတာမမြင်ရမချင်း စိတ်ချမှာမဟုတ်ဘူး..."

"သာမန်အာရုံကြောထုံဆေးလေးကို အပိုတွေလုပ်မနေနဲ့"
ဦးလေးလုံသည် မကြိုက်သောလေသံဖြင့်ဆူပူကာ လက်ထောက်ဖြစ်သူအား tabletယူလာဖို့ပြောလိုက်သည်။

အော်...ရိုးရိုးထုံဆေးလား

ရှီကျင်းစိတ်အေးသွားသည်။ဦးလေးလုံက သူတောင်းဆိုသည်ကိုအလိုလိုက်ပေးသဖြင့် မျက်လုံးများတဖျက်ဖျက်လက်ကာ ချွဲလိုက်သည်။
"ဦးလေးက တအားနားလည်ပေးတတ်တာပဲ"

ဆရာဝန်သည် ရှီကျင်းကိုကြည့်ကာ ကုတင်ပေါ်ဖိချဖို့ အနားရောက်လာသည်။လက်ထောက်ကို ကုတင်ပေါ်တည့်တည့်တွင် ဖုန်းstandထောင်ခိုင်းပြီး tabletကိုချိတ်ကာ ရှီကျင်းမျက်နှာတင်မက ဒဏ်ရာကိုပါ ကွက်ကွက်ကွင်းကွင်းမြင်ရမဲ့အနေအထားကို ကင်မရာချိန်ပေးလိုက်သည်။

ရှီကျင်းသည်လည်း အကွက်ကျော်မြင်တတ်သောသူဖြစ်ရာ လက်လှမ်းပြီးtabletကိုဖြုတ်ချဖို့လုပ်လိုက်သည်။
"ဦးလေး...ဒဏ်ရာကိုအရင်ကုလိုက်ပါ..tabletကအခုမလိုသေးပါဘူး..."

ဦးလေးလုံသည် ရှီကျင်းလက်ကိုကျွမ်းကျင်စွာ ဖမ်းကိုင်လိုက်ပြီး တစ်ချိန်တည်းတွင် လျန်ကျွင်းဆီvideo callခေါ်ဖို့လုပ်ပေးလေသည်။

 သေခြင်းတရား ယူနစ်ဘား [ဘာသာပြန်]Where stories live. Discover now