အခန်း(၂၁)ခေါက်ဆွဲပြုတ်
ရှီကျင်းနှင့်ရုန်ကျိုးကျုံး၏ဆက်ဆံရေးသည်
ပေါက်ကွဲထွက်ပြီး ရန်လိုသောအနေအထားသို့
လုံးဝပြောင်းလဲသွားတာတောင် ယူနစ်ဘားက
အမှန်တကယ်ကျဆင်းသွားသည်လား။ရှီကျင်း၏အမူအရာမှာ အူလည်လည်ဖြစ်သွားပြီး
အတော်ပင်ခေါင်းရှုပ်လာကာ ဘားတန်းကို
ပြန်ကြည့်သည်။ထို့နောက် ဆိုဖာပေါ်တွင်
အသက်မှန်မှန်ရှူကာ စိတ်ငြိမ်အောင်
မကျေမနပ်အမူအရာဖြင့်လှဲလှောင်းနေသော
ရုန်ကျိုးကျုံးကို ကြည့်လိုက်သည်။
ဘာတွေဖြစ်နေမှန်း နားမလည်တော့သော်လည်း
သေချာသည်တစ်ခုက ရုန်ကျိုးကျုံးသည်
သူ့အားသတ်ရန် ဆန္ဒမရှိပေ။ရုန်ကျိုးကျုံးသည် လက်ထဲတွင်
သေနတ်ကိုင်ထားပြီး ဒေါသထွက်လွန်း၍
ရူးသွပ်မလိုဖြစ်ချိန်မှာတောင် သေနတ်အား
လွင့်ပစ်ခဲ့သည်။လူသတ်သမားတစ်ယောက်၏
တုံ့ပြန်မှုမှာ အပြောင်းအလဲရှိမည်မဟုတ်ပေ။
အကယ်၍ တစ်စုံတစ်ယောက်သည်
တခြားသူတစ်ယောက်အားသတ်ရန်
ဆုံးဖြတ်ထားသည်အထိ အမုန်းကြီးနေလျှင်
ထိုသူ၏ပစ်မှတ်သားကောင်အားမြင်ပါက
အကြောင်းပြချက်မရှိ စိတ်လွတ်သွားမည်
ဖြစ်သည်။လက်နက်ကိုင်ဆောင်ထားပြီး
သုံးဖို့ မကြိုးစားဘူးဆိုသည်မှာ
ဖြစ်နိုင်ချေလုံးဝမရှိပေ။လုံလောက်ပြီ...
ဝတ္ထုရဲ့ဇာတ်ကြောင်းက လုံးဝမတိကျ
မမှန်ကန်ဘူး။ငါ အဲ့ဒါကို အရမ်းမယုံခဲ့သင့်ဘူး..အတည်ပြုပြီး နောက်ဆုံးမှာတော့ ရှီကျင်း
စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။
သို့သော် စကားများရာမှ ဆူဆူညံညံရန်ပွဲ
ဖြစ်သွားခြင်းကို အနည်းငယ်တော့
အပြစ်ရှိသလို ခံစားရသည်။သူ၏ထူးခြားဆန်းကြယ်သောယူနစ်ဘား
အကြောင်းကို နားလည်ဖို့နှင့်တတိယအစ်ကိုကို
၊လူသတ်မှုသံသယမှ ဖယ်ထုတ်ရန်
ထိုနည်းလမ်းကိုရွေးချယ်ခဲ့သော်ငြား
နည်းနည်းတော့ လက်လွန်သွားပုံရသည်။
သူသည် မူလရှီကျင်းမဟုတ်သဖြင့်
သူ့လုပ်ရပ်များသည် မှန်သည်ဖြစ်စေ
မှားသည်ဖြစ်စေ အကြောင်းပြချက်ရှိသည်။
YOU ARE READING
သေခြင်းတရား ယူနစ်ဘား [ဘာသာပြန်]
ActionTitle: Death Progress Bar "生存进度条" Author: Can't Play Chess(不会下棋 ) ရဲဝန်ထမ်းတစ်ဦးဖြစ်သည့်ရှီကျင်းသည် သူခိုးနောက်သို့လိုက်ရင်း ကုန်တင်ကားတိုက်မိကာ... သူဖတ်နေသော ဝတ္ထုကအဓိကဇာတ်ကောင်ရှီကျင်းဆီသို့ ဝိညာဉ်ကူးပြောင်းသွားခဲ့တော့သည်။ ********** ရဲဝန်ထမ်းတစ်ဦ...