အခန်း(၈) လေ့ကျင့်ခြင်း"ခင်ဗျားပြောတော့ ခင်ဗျားက
လူဆိုးဂိုဏ်းစတား မဟုတ်ပါဘူးဆို!"" 'ခင်ဗျား' မဟုတ်ဘူး ။ 'ခင်ဗျားတို့' လို့ပြောရမှာ
ရဲဘော်လေး"
Gua Erသည် သူ့အား အမှားပြင်ပေးသည်။
ထို့နောက် ရှီကျင်း၏ပုခုံးအားပုတ်ကာ ပြုံးလျက်"ကျင်းကျင်းလေး, မင်း Gua Sanကို
ယုံကြည်သင့်တယ်။ ငါတို့က တကယ်
ရိုးသားတဲ့စီးပွားရေးသမားတွေပါဟာ"ရှီကျင်းသည် ထိုသူ၏လက်အား
ဖြတ်ရိုက်ကာဆိုသည်။
"ဒါဆို ကျွန်တော်မှန်းကြည့်မယ်။
ဒီကုန်တင်ကားထဲက သရက်သီးတွေက
တကယ့်သရက်သီးတွေဟုတ်ရဲ့လား""ဒါကတော့.."
Gua Erသည် သူ့လက်ကိုပြန်ရုတ်ကာ
ဖော်ရွေစွာမေးသည်။
"ကျင်းကျင်းလေး မင်းပင်ပန်းနေပြီလား။
ငါနဲ့နေရာပြန်လဲချင်လား"ခင်ဗျား စကားလမ်းကြောင်းလွှဲချင်တာကြီးက
သိပ်ပေါ်လွင်နေသလားလို့?ရှီကျင်းလည်း ထိုသူအား လျစ်လျူရှုလိုက်ပြီး
လီဗာကိုသာနင်းလျက် ရှေ့ကားနှင့်
နီးကပ်အောင်သာ မောင်းလိုက်သည်။မနက်အစောပိုင်းအချိန်ရောက်သောအခါ
ပို့ဆောင်ရေးအဖွဲ့သည် ဖုန်များ
တထောင်းထောင်းထနေသော လမ်းမကြီးက
သွေဖယ်၍ တောအုပ်အတွင်းပိုင်းသို့
ဦးတည်သွားကြသည်။ထိုတောနက်သွားရာ
လမ်းကြောင်းမှာ ကောင်းစွာမညက်ညောနေသဖြင့်
ရံဖန်ရံခါမှ အသုံးပြုသော
ယာယီလမ်းကြောင်းမှန်း သိနိုင်သည်။
ရှီကျင်းသည် ဒီအခြေအနေလမ်းပုံစံမျိုးတွင်
ကုန်တင်ကားကြီးကို မောင်းနှင်သည့်
အတွေ့အကြုံမျိုးမရှိကြောင်း
ကိုယ့်ကိုယ်ကိုသိသဖြင့်
Gua Erကိုသာ လက်လွှဲပြန်ပေးလိုက်သည်။နောက်ထပ် နာရီတစ်ပတ်စာခန့်ကြာသောအခါ
အဖွဲ့သည် သူတို့၏ဦးတည်ရာ
ပန်းတိုင်ဖြစ်သည့်တောအုပ်အနက်ပိုင်းထဲတွင်
လျှို့ဝှက်စွာ တည်ထားသောရွာတစ်ရွာသို့
ရောက်ရှိကြတော့သည်။
YOU ARE READING
သေခြင်းတရား ယူနစ်ဘား [ဘာသာပြန်]
ActionTitle: Death Progress Bar "生存进度条" Author: Can't Play Chess(不会下棋 ) ရဲဝန်ထမ်းတစ်ဦးဖြစ်သည့်ရှီကျင်းသည် သူခိုးနောက်သို့လိုက်ရင်း ကုန်တင်ကားတိုက်မိကာ... သူဖတ်နေသော ဝတ္ထုကအဓိကဇာတ်ကောင်ရှီကျင်းဆီသို့ ဝိညာဉ်ကူးပြောင်းသွားခဲ့တော့သည်။ ********** ရဲဝန်ထမ်းတစ်ဦ...