အခန်း(၁၅)သခွားသီးစားတော်ပွဲ
တစ်ဖက်တွင်လည်း ရှီကျင်းသည်
ရှုဟိုက်အားအရက်တိုက်နေသည်။သို့သော်
ရှုဟိုက် အမူးလွန်ပြီးသတိမမေ့ခင်မှာ
ထိုသူ၏ နားအနီးသို့တိုးကာ
ရှောင်စစ်ပေးထားသော"ဖြားယောင်းသောအသံ"
Buffအားအသုံးပြုပြီး သီးသန့်ခန်းထဲမှ
ထွက်ရန်တိုးတိုးဆိုလိုက်သည်။မွေးနေ့ရှင်ကောင်လေးနဲ့သူ့သူငယ်ချင်းများသည်
အခန်းအတွင်းမှာ အတူထွက်သွားသော
ထိုသူနှစ်ဦးအား ကြည့်ကာ
မရေမရာပြုံးနေကြသည်။Gua Erသည်လည်း
အမူးလွန်ပြီးမျက်စိမှိတ် မှိန်းမောကာ
ဘာမှမသိသည့်မျက်နှာမျိုးပြုလုပ်ထားသည်။"အသည်းလေး~~ကိုယ်နေရာကောင်းကောင်း
သိတယ် အဲ့ကို..သွား..သွားပြီးပျော်ရအောင်လား"ရှုဟိုက်သည် ရှီကျင်းတွဲထားပေးလို့သာ
ဖင်ထိုင်လျက်မကျပဲ ရပ်နိုင်တာဖြစ်သော်လည်း
ရှီကျင်းကို အခွင့်အရေးယူဖို့တော့ မမေ့သေးပေ။ရှီကျင်း၏နှုတ်ခမ်းတွင်လည်း
အပြုံးတစ်ခုတပ်ဆင်ထားကာ ဆိုသည်။
"ဒါပေါ့..ပျော်စရာလေးတွေရှာကြတာပေါ့"ခင်ဗျားရဲ့ကျန်ရှိနေတဲ့ဘဝတစ်လျှောက်လုံး
မမေ့စေမဲ့'ပျော်စရာ'မျိုးကို သေချာပေါက်
လုပ်ပေးရမှာပေါ့..ထို့နောက် လျှောက်လမ်းတွင်ရှိသော
သီးသန့်ခန်းအလွတ်တစ်ခုဆီသို့
ဝင်ရောက်သွားကာ လော့ချလိုက်တော့သည်။နာရီဝက်ခန့်ကြာသောအခါ တံခါးပြန်ပွင့်လာပြီး
ရှီကျင်းတစ်ယောက်သာပြန်ထွက်လာသည်။
သူ၏မျက်နှာမှာ မကျေမနပ်နှင့်စိတ်တိုနေပြီး
အရင်အခန်းသို့ပြန်လာလိုက်သည်။
ရှုဟိုက်သူငယ်ချင်းပေါင်းပါများ၏
အသံသေးအသံကြောင်သံများကို လျစ်လျူရှုကာ
Gua Erကိုနိုးပြီး တစ်ချက်ပင်
ပြန်လှည့်မကြည့်တော့ဘဲ ထွက်လာသည်။
YOU ARE READING
သေခြင်းတရား ယူနစ်ဘား [ဘာသာပြန်]
ActionTitle: Death Progress Bar "生存进度条" Author: Can't Play Chess(不会下棋 ) ရဲဝန်ထမ်းတစ်ဦးဖြစ်သည့်ရှီကျင်းသည် သူခိုးနောက်သို့လိုက်ရင်း ကုန်တင်ကားတိုက်မိကာ... သူဖတ်နေသော ဝတ္ထုကအဓိကဇာတ်ကောင်ရှီကျင်းဆီသို့ ဝိညာဉ်ကူးပြောင်းသွားခဲ့တော့သည်။ ********** ရဲဝန်ထမ်းတစ်ဦ...