[unicode]
အိပ်ပျော်နေချိန်လေးမှာတောင် သိပ်ချစ်ဖို့ကောင်းလွန်းသည်။ နှာတံချွန်ချွန်လေးပေါ် လက်ညိုးလေးဖြင့် တို့ထိကစားလိုက်တော့ မ,ရဲ့မျက်ခွံလေးတွေ လှုပ်ခတ်သွားပြီး
"အွန်း... နိုးနေပြီလား"
လွန်း မ,ရဲ့မေးဖျားလေးကို အနမ်းဖွဖွပေးလိုက်ကာ
"ချစ်တယ်..."
မ,ရဲ့မျက်ဝန်းတွေက လွန်းကို ကြင်နာစွာကြည့်လာရင်း
"မ,လည်း သိပ်ချစ်.."
ပြောလို့မဆုံးခင်မှာပဲ လွန်း မ,ရဲ့နှုတ်ခမ်းလေးကို မြတ်မြတ်နိုးနိုးနမ်းရှိုက်လိုက်ပြန်သည်။ မ,က အနမ်းတွေကိုတုံ့ပြန်ရင်း လွန်းရဲ့ခါးလေးကို ဆွဲယူထွေးပွေ့လေသည်။ မ,ရဲ့လည်တိုင်ထက် အနမ်းတွေခြွေလိုက်သည့်အခါမှာတော့ စွဲမက်ဖွယ်ရာ အသံသာသာလေးကို နားဆင်ခွင့်ရလိုက်သည်။ လွန်း ကျေနပ်စွာ ပြုံးလိုက်ရင်း
"မ..."
လွန်းရဲ့ခေါ်သံကြောင့် မ,ရဲ့ မျက်ဝန်းလေးတွေ ဖြည်းညင်းစွာပွင့်ဟလာတော့
"ဗိုက်ဆာပြီ..."
ထင်မှတ်မထားသည့်စကားကို ကြားလိုက်ရတော့ မ,က သက်ပြင်းလေးမသိမသာချလိုက်ရင်း လွန်း,ကို မျက်စောင်းလှလှလေး လက်ဆောင်ပေးလေသည်။ ချစ်စရာကောင်းလိုက်တာ။
"ကဲ... ဒါဆိုလည်း ကျမဗိုက်ပေါ်တက်ထိုင်ထားတာကနေ ဖယ်ပေးတော့"
လွန်း,ရယ်ချင်စိတ်ကို ထိန်းထားရသည်။ မ,က စောင်ပါးလေးတစ်ထည်ကို ဆွဲယူပတ်ကာ အိပ်ရာမှထသွားလေသည်။
"သေချာလုပ်ဦးနော်... 30+ တွေ မမြင်ချင်ဘူး"
လွန်း စ,တော့ မ,က ရှက်ပြုံးလေးပြုံးသည်။ ပြီးနောက် ဘီရိုထဲက ပေါ့ပေါ့ပါးပါးအဝတ်တစ်စုံကို ထုတ်ယူဝတ်ဆင်လေသည်။ ချစ်သူရဲ့ ခန္ဓာကိုယ်ကောက်ကြောင်းအလှကိုငေးမောရင်း
"မီး,ရဲ့ ကောင်မလေးက သိပ်လှတာပဲ.."
မ,က စောင်ကို အိပ်ရာပေါ်လှမ်းပစ်တင်လိုက်ပြီး
"မ,ရဲ့ ကောင်မလေးက ပိုလှတယ်.."
"ဟွန်း... မီး,ချစ်သူကမှ ပိုလှတာပါနော်"