[Unicode]
ဒီနေ့ လွန်းရဲ့မွေးနေ့။ ဒီနေ့မှာပဲ TV commercial shooting ရှိနေတော့ မနက်စောစောအိပ်ရာထပြီး ဘုရားသွားဖို့ပြင်ဆင်ရသည်။ ခါတိုင်းနှစ်တွေက မိသားစုဝင်တစ်ယောက်ယောက်၊ ဒါမှမဟုတ် ဖြိုးနဲ့အတူ သွားနေကျဖြစ်သော်လည်း ဒီနှစ်တော့ မ,နဲ့ပဲသွားဖို့ စီစဉ်ထားသည်။
"🎶.....🎵...🎶....🎵..."📱
"ကလေး... မ,ရောက်ပြီနော်"
"ဟုတ်... မီး,အခုပဲ ဆင်းလာခဲ့မယ်"
အောက်ထပ်ကိုဆင်းလာပြီး ဘုရားဆွမ်းတော်ကပ်ဖို့ပြင်နေသည့်မေမေ့ကိုနှုတ်ဆက်ကာ ထွက်ခဲ့လိုက်သည်။
"Happy Birthday!... မ,ရဲ့ကလေးလေး"
လွန်း ကားပေါ်ရောက်ရောက်ချင်း မ,က ရောင်စုံနှင်းဆီပန်းစည်းကြီးဖြင့် birthday wish လုပ်လေသည်။
"thank you...မ အရမ်းချစ်တယ်"
မ,ရဲ့ပါးပြင်လေးဆီ အနမ်းတစ်ပွင့်ကို လက်ဆောင်ပြန်ပေးလိုက်သည်။ မ,ကပြုံးလိုက်ပြီး ကားလေးကို ရွှေတိဂုံဘုရားဆီဦးတည်မောင်းနှင်လိုက်သည်။
ဘုရားမှာ ပန်း၊ ဆီမီး၊ ရေချမ်း ကပ်လှူပူဇော်ပြီးနောက် ဘုရားရှိခိုး ပဋ္ဌာန်းရွတ်ဖတ်ပူဇော်သည်။ မ,ကတော့ ဘေးနားမှာပဲထိုင်ကာ လွန်းကိုသာ တစိမ့်စိမ့်ထိုင်ကြည့်နေလေသည်။ အပြန်မှာ ဘုရားစောင်းတန်းတစ်လျှောက် လက်တွဲဆင်းလာကြရင်း မ,က
"ကဲ... birthday girl လေး breakfast ဘာစားမလဲ"
"အင်း.... dim sum"
"သိသားပဲ... လာ... သွားကြစို့"
မနက်စာစားပြီးနောက် မ,က လွန်းကို အိမ်ပြန်ပို့ပေးသည်။
"ညကျမှတွေ့မယ်နော်ကလေး... မ,လာကြိုမယ်"
"မီး,ဘာသာပဲလာခဲ့မယ်လေ ညစာကောင်းကောင်းသာချက်ထား"
လွန်း သီချင်းလေးညည်းကာ ပန်းစည်းကြီးပွေ့ပြီး အိမ်ထဲဝင်လာတော့ နိုးနိုးလေးကို မနက်စာကျွေးနေသည့်မမကြီးက
"သမီး... ဟိုမှာ တီတီလေးကို Happy Birthday လို့ပြောလိုက်ဦး"
"ဟက်ပီးးး ဘဒ်ဒေးးး တီတီရေး"
လွန်း နိုးနိုးလေးကို အာဘွားပေးလိုက်ရင်း
"အော..... ကျေးဇူးတင်ပါတယ်ရှင့်"