[Unicode]
"လွင်ဦး... ပန်းကန်တွေသေချာစစ်ပြီးရဲ့လား"
"ဟုတ်..အစ်မ စစ်ပြီးပြီဗျ သန့်ရှင်းရေးလည်း သေချာလုပ်ထားပါတယ်"
"ဟုတ်ပြီ.."
"ရေသန့်ဘူးတွေရော ထပ်လိုဦးမလား..""မလိုပါဘူး..အစ်မ အခုမှာထားတဲ့ကဒ်တွေနဲ့ကိုပဲ လုံလောက်တာထက် ပိုနေပါပြီ"
"အွန်း... တချို့က အေးတာမသောက်ဘူးနော် အဲ့ဒါလည်း ဂရုစိုက်လိုက်ဦး"
"ဟုတ်...အစ်မ စိတ်ချပါ"
ဟင်းပွဲတွေချက်ပြုတ်ဖို့ ပြင်ဆင်နေကြသည့် kitchen ထဲလည်း ဝင်ကြည့်ရပြန်သည်။
"မထွယ်နူး... ဘာလိုသေးလဲ"
"ဘာ...မှမလိုတော့ဘူး ဒီမှာအကုန်အဆင်ပြေတယ်.. နေရီ အိမ်ပြန်ပြီး လှလှပြင်ဆင်ဖို့ပဲလိုတော့တယ်... သွားတော့... ဧည့်သည်တွေရောက်လာရင် နောက်ကျနေမယ်.. ဧည့်ခံမယ့်ဆိုင်ရှင်ရှိမှ ဖြစ်မှာပေါ့"
မထွယ်နူးပြောမှ နေရီ နာရီကိုကြည့်လိုက်ရင်း
"ဟုတ်သားပဲ.. အချိန်တောင်နီးနေပြီ"
"အာ့ဆို... ညီမပြန်လိုက်ဦးမယ် တစ်ခုခုလိုတာရှိရင် ဖုန်းဆက်လိုက်နော်""အင်းပါ...စိတ်ချပါနေရီရယ် မနက်အစောကတည်းက အသေးစိတ်ကအစ လိုက်ကြီးကြပ်နေတာ မပင်ပန်းဘူးလား.. kitchen ကိစ္စလည်း ဘာမှစိတ်မပူနဲ့ အဆင်ပြေအောင် မထွယ်နူးလုပ်ပေးပါ့မယ်"
"စိတ်မချလို့မဟုတ်ပါဘူး အစ်မရဲ့.. ညီမ စိတ်လှုပ်ရှားနေလို့.."
နေရီ့ကိုကြည့်ကာ မထွယ်နူးကပြုံးလိုက်ရင်း
"အဆင်ပြေမှာပါ.. စိတ်ကိုအေးအေးထား အစ်မတို့အတူကြိုးစားလုပ်ကြတာပေါ့"
"ဟုတ်..အစ်မ ကျေးဇူး.."
"ပြန်ပြီနော်..."kitchen ထဲက ပြန်ထွက်လာပြီးနောက်
"ဒီပန်းအိုးက ဟိုဘက်နည်းနည်းရွှေ့လိုက်ရင် ပိုကောင်းမယ်.."
"ကျနော်ရွှေ့လိုက်ပါ့မယ်..အစ်မ"
ဝန်ထမ်းလေးက ပန်းအိုးကိုမကာ သွက်လက်စွာပဲ နေရာရွှေ့ပေးလေသည်။
"အင်း..ဟုတ်ပြီ ဒီဘက်နည်းနည်းလှည့်လိုက်ဦး ပန်းပွင့်ကမမြင်ရဘူးဖြစ်နေတယ်"