(၄၀)

7.7K 536 51
                                    

[unicode]

"🎶.....🎵...🎶....🎵..."📱

"အေး..မသက် ပြော..."

"ညကျ ဟိုကောင်တွေနဲ့ချိန်းထားတာ မေ့နေမှာစိုးလို့.."

"မမေ့ပါဘူး..."

"အဲ့ဒါလှမ်းပြောတာ.. ရုံးဆင်းမှ တွေ့မယ်နော်"

"အိုခေ..."

မသက် ဖုန်းချသွားတော့ နေရီလည်း ကြည့်လက်စ ပန်းကန်လုံး​လေးကို စင်ပေါ် အသာအယာလေးပြန်တင်လိုက်ရင်း

"ကြိုက်တယ်.. ဒါပေမယ့် စျေးများလိုက်တာ"

နေရီညည်းတော့ မထွယ်နူးက ရယ်လိုက်ပြီး

"များမှာပေါ့.. brand ကိုကြည့်လိုက်ဦးလေ"

ဒါတောင် internet မှာကြည့်လျှင် နာမည်ကြီး လူကြိုက်များသည့် dinnerware brands list ထဲ မဝင်သေးသည့် brand တစ်ခု။ နေရီက ဆိုင်မှာသုံးဖို့ ပန်းကန်ခွက်ယောက်ကို တတ်နိုင်သ၍ အကောင်းဆုံးဆိုတာလေးတွေ သုံးချင်သည်။ ကိုယ့်ဆိုင်ကို လာရောက်စားသုံးမည့် ဧည့်သည့်တွေအတွက် ဟင်းပွဲတည်ခင်းမည့်ပန်းကန်ကအစ အဆင့်အတန်းတစ်ခုရှိစေချင်သည်လေ။

"ခက်တာက budget က အများကြီးမရှိဘူး.. ဟိုတယ်က ပြင်သစ်လူမျိုး senior chef က သူ့မိတ်ဆွေဆီမှာ dinnerware ကောင်းတာလေးတွေရှိတယ်တဲ့.. ချိတ်ပေးမယ်ပြောတာ.. ငွေမလိုက်နိုင်မှာစိုးလို့ ဒီမှာပဲ ရှာကြည့်ဦးမယ်ဆိုပြီး အင်တင်တင်လုပ်ထားရတယ်.."

"အရမ်းကောင်းတာကြီး မသုံးနိုင်ရင်လည်း အဆင်ပြေတာလေး ရှာကြည့်ကြတာပေါ့.. အဲဒီ့အစား ငါတို့ရဲ့ ဟင်းပွဲအရသာကို ပိုဂရုစိုက်ကြမယ်လေ..."

မထွယ်နူးစကားကို နေရီ သဘောကျမိသွားရသည်။ ဒီလို attitude မျိုးရှိသူတစ်ယောက်နှင့် လက်တွဲပြီးအလုပ်လုပ်ခွင့်ရခြင်းက ကံကောင်းခြင်းတစ်ခုပဲ မဟုတ်ပါလား။

"🎶.....🎵...🎶....🎵..."📱

contact name ကိုကြည့်လိုက်တော့ နေရီ့ကလေး။

"အွန်း.. ကလေးလေး"

"မ... ဘယ်မှာလဲ"

"အာ..... ဘယ်မှာလဲဆိုတော့.. မထွယ်နူးနဲ့ ဆိုင်အတွက် ပန်းကန်ရှာဖွေရေးဆင်းနေကြတာ"

တိမ်တွေသီတဲ့ကြိုး(တိမ္ေတြသီတဲ့ႀကိဳး)Where stories live. Discover now