[Unicode]
နေရီ အိပ်ရာစောစောထကာ သီချင်းလေးတညည်းညည်းဖြင့် ရေချိုးနေသည်။
"ဒုန်း... ဒုန်း..."
"နေရီ....""မသက် ပြော....."
"ရေချိုးတာကြာနေပြီ အအေးမိမယ် မြန်မြန်ချိုး..."
"ပြီးပြီ... "
နေရီ ရေချိုးခန်းကထွက်လာတော့ မသက်က အလန့်တကြားဖြင့်
"ဟဲ့... မနက်အစောကြီး ခေါင်းလျှော်တာလား"
"ဟီး... သူနဲ့တွေ့ရမှာမို့..."
"အေး... ဖျားနေဦးမယ် ခေါင်းမြန်မြန်သုတ် dryer ငါ့အခန်းထဲမှာရှိတယ်"
"အိုခေပါ..."
ပြောပြီး မသက်က ရေချိုးခန်းထဲဝင်သွားသည်။ ဒီနေ့ သူလည်း ရုံးတက်ရမည်လေ။
"မသက်... ငါ့မျက်နှာကိုကြည့်"
"မိတ်ကပ်များနေလား...""များပါဘူး... အရင်နေ့တွေထက်တော့ ပိုသိသာတယ် ဒါမယ့်... အဆင်ပြေတယ်"
ညကတည်းက အဆင်သင့်ကြိုထုတ်ထားသည့် ပိတောက်ခြောက်ရောင် floral off shoulder လေးနှင့် မိုးပြာရောင်ဖျော့ဖျော့ Jean short ကို တွဲဖက်ဝတ်လိုက်သည်။
"မသက်... ဘယ်လိုနေလဲ"
မသက်က နေရီ့ကို ခြေဆုံးခေါင်းဆုံးကြည့်လိုက်ပြီး လက်မထောင်ပြကာ
"အိုခေတယ် ငါ့သူငယ်ချင်းလေးက ချောပြီးသား..."
"ဟီး... သူလည်းပြောဖူးတယ်"
"ဘာတဲ့လဲ..."
"မ,ကချောတယ်တဲ့... ဘာမှမလိမ်းထားဘဲတောင် အသားအရည်ကလှတယ်တဲ့.. ဟိ.."
"ဟုတ်တယ်... မင်းက ရှမ်းစပ်မှန်းတောင်မသိသာဘူး... အသားအရည်ကမဖြူပေမယ့်လည်း ဝင်းဝင်းလေးနဲ့ တစ်မျိုးလှတယ်"
"အမေတို့ဘက်တူတာလေ... ငယ်ငယ်ကတည်းက ရှမ်းမလှလှလေးတွေကိုကြည့်ပြီး အသားအရမ်းဖြူချင်ခဲ့တာ... အခုတော့... သူအဲ့လိုပြောပြီးကတည်းက ကိုယ့်ဘာသာကျေနပ်သွားတာ"
မှန်ထဲကို တစ်ချက်ပြန်ကြည့်လိုက်ကာ ဖြီးပြီးသားဆံပင်တွေကို နောက်တစ်ကြိမ်ထပ်ဖြီးလိုက်ပြန်သည်။ ခပ်ပါးပါးဆိုးထားသည့်နှုတ်ခမ်းနီကို နောက်တစ်ထပ်ဖြည့်လိုက်ပြီး