(၂)

12.3K 758 36
                                    

[Unicode]

အန်တီနန်းက အငွေ့တထောင်းထောင်းထနေသည့် ဟင်းရည်ပူပူကို ခေါက်ဆွဲပန်းကန်တွေထဲ လောင်းထည့်လိုက်သည်။ ဒီနေ့အတွက် မနက်စာက အမဲလုံးရေစိမ်ခေါက်ဆွဲ။ မိုခမ်းက ခေါက်ဆွဲပန်းကန်တွေကို လင်ပန်းဖြင့်သယ်သွားတော့ နေရီလည်း တိုဟူးကြော်၊ ဝက်ခေါက်ကြော်၊ မုန်ညင်းချဉ်နှင့် အချဉ်ရည်ပန်းကန်တို့ကို လင်ပန်းတစ်ချပ်ဖြင့်ထည့်ကာ ထမင်းစားခန်းထဲဝင်လိုက်သည်။

"မောနင်း... မ"

အိပ်ရာနိုးစ မျက်နှာပြည့်ဖောင်းဖောင်းလေးဖြင့် တစ်မျိုးလေးချစ်ဖို့ကောင်းနေသော မြတ်လွန်းမီ။

"မောနင်း..."
"အမဲသားမစားတဲ့သူပါလားဟင်"

"မပါဘူးအမ ကျနော်တို့အဖွဲ့က ဘာသားဖြစ်ဖြစ်အကုန်စားတယ်"

တကယ်တော့ သူတို့အဖွဲ့စရောက်ကတည်းက ဘယ်သူဘာသားမစားဘူးလဲဆိုတာ အန်တီနန်းမေးပြီးသားဖြစ်ပါလိမ့်မည်။ မြတ်လွန်းမီရဲ့နှုတ်ဆက်စကားကြောင့် အားလုံးရဲ့အကြည့်တွေက နေရီ့ဆီရောက်လာသဖြင့် မေးမိမေးရာမေးလိုက်ခြင်းသာ။ ရေနွေးပန်းကန်လေးတွေ လိုက်ချပေးနေစဉ်

"စားကောင်းတယ်နော်"

သူတို့အချင်းချင်းပြောနေသံကို ကြားလိုက်သဖြင့် ဘေးနားရပ်နေသည့်မိုခမ်းကို ပွဲထပ်ပြင်ပေးဖို့ပြောရသည်။

"စားနော် အားမနာနဲ့ ထပ်ယူဦး"

သူတို့အဖွဲ့စားသောက်ပြီးတော့ နေရီတို့အိမ်သားတွေစားကြသည်။ အဲဒီ့အချိန် လောင်ခေးနှင့်ဆိုင်မိန်းတို့ရောက်လာကြပြီး

"အစ်မနေရီ... အစ်မတို့ရွက်ဖျင်တဲလိပ်တွေပေး ကျနော်တို့အိတ်မှာ တစ်ခါတည်းတွဲချည်လိုက်မယ်"

စတိုခန်းထဲက ထင်းရှူးသေတ္တာမှာ ထည့်သိမ်းထားသော ရွက်ဖျင်တဲအလိပ်တွေကိုထုတ်ယူကာ လောင်ခေးတို့ကိုပေးလိုက်သည်။ တောင်ပေါ်မှာစားဖို့သောက်ဖို့ ဟင်းချက်စရာနှင့် အခြောက်အခြမ်းတွေထည့်ထားသည့်ပလိုင်းကြီးကိုတော့ ကိုကြီးကလွယ်သည်။ မြတ်လွန်းမီတို့အဖွဲ့တွေ အိတ်ကိုယ်စီလွယ်ကာ အပေါ်ထပ်ကဆင်းလာကြတော့

တိမ်တွေသီတဲ့ကြိုး(တိမ္ေတြသီတဲ့ႀကိဳး)Where stories live. Discover now