(၄၇)

5.6K 463 27
                                    

[Unicode]

ည​(၇)နာရီမထိုးခင်လေးမှာပဲ မနှင့်ချိန်းထားသည့် restaurant ကိုရောက်လာခဲ့သည်။ ဧည့်ကြိုဝန်ထမ်းလေးရဲ့ လမ်းပြမှုနောက်ကလျှောက်လာတော့ reserve လုပ်ထားရာစားပွဲမှာ ကြိုတင်ရောက်နေပြီဖြစ်သည့် မကို တွေ့လိုက်ရသည်။ လွန်းကိုမြင်တော့ မရဲ့သန္တာရောင်နှုတ်ခမ်းလှလှလေးတွေက နှစ်လိုစွာကွေးညွှတ်သွားလေသည်။ လွန်းလက်ဆောင်ပေးထားတဲ့ MAC Vegas Volt ပဲ။

မက နေရာမှထလာပြီး ကျုးလစ်ပန်းအဖြူရောင်၊ ပန်းရောင်နှင့် ခရမ်းရောင်တို့ကို လိုက်ဖက်ညီစွာတွဲစပ်ထားသည့် ပန်းစည်းလှလှလေးပေးရင်း ပွေ့ဖက်ကြိုလေသည်။ အနက်ရောင် satin blouse ကို wide leg pant အနက်ရောင်နှင့်ပဲတွဲဝတ်ထားတော့ မီးရောင်အောက်မှာ မရဲ့အသားအရေဝင်းဝင်းလေးဖြင့် ကျော့ရှင်းစွာလှနေသည်။ လွန်း မရဲ့မေးရိုးလေးကို အနမ်းဖွဖွပေးလိုက်မိသည်။ မက လွန်းရဲ့ဆံနွယ်တွေကို မထိတထိလေးသပ်တင်ပေးရင်း

"လှလိုက်တာ..မရဲ့ချစ်သူလေး"

စားပွဲမှာထိုင်လိုက်သည်နှင့် waiter က လွန်းတို့အတွက် wine ထည့်ပေးသည်။

"မ... ရောက်နေတာကြာပြီလား"

"ဟင့်အင်း... ကလေးထက် (၅)မိနစ်လောက်ပဲစောမယ်ထင်တယ်"

"အရမ်းလှတဲ့ ပန်းစည်းလေးအတွက် ကျေးဇူး..."

ကျုးလစ်ပန်းစည်းလေးကို မြတ်နိုးစွာကြည့်ပြီး ပြောတော့ မကပြုံးသည်။

"နောက်(၁၀)မိနစ်အကြာမှာ စပြီးတည်ခင်းပါမယ်ခင်ဗျာ..."

waiter အနားကထွက်သွားမှ

"Happy Anniversary!..."

wine ခွက်လေးမြှောက်ကာ မကဆိုတော့ လွန်းလည်း

"Happy Anniversary!... မ"

"ဗိုက်ဆာပြီလား..ကလေးလေး"

"နည်းနည်း..."

appetizer ကိုမြည်းစမ်းရင်းပြောလိုက်သည့် လွန်းရဲ့စကားနှင့် အမူအရာကြောင့် မကပြုံးလိုက်ပြီး

"ချစ်ဖို့ကောင်းလိုက်တာ..."

လွန်း ကျေနပ်သွားရပြီး

"တကယ်ဆို... မရဲ့ဆိုင်လေးမှာပဲ ချက်ကျွေးလိုက်ရင်ပြီးရောကို.."

တိမ်တွေသီတဲ့ကြိုး(တိမ္ေတြသီတဲ့ႀကိဳး)Where stories live. Discover now